Channel Myanmar

Toru Nakamura

Shin Kamen Rider (2023) 6.6
Shin Kamen Rider (2023) Shin Kamen Rider (2023)~ IMDb - 6.6/10, Rotten Tomatoes - 82% ~မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာ‌ပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ...
movie

Shin Kamen Rider (2023)

2023
I Give My First Love to You (2009) 7.1
I Give My First Love to You (2009) I Give My First Love To you (2009)~ IMDb rating - 7.1/10 ~ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်‌တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ...
movie

I Give My First Love to You (2009)

2009