Channel Myanmar

Toulou Kiki

Midwives (Sages-femmes) (2023) 7.1
Midwives (Sages-femmes) (2023)  Sages femmes ဆိုတာကတော့ ပြင်သစ်လို သားဖွားဆရာ/မများလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဒရာမာရုပ်ရှင်လေးက သားဖွားဆရာ/မတွေရဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။ဆိုဖီယာနဲ့ လူဝိစ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ငါးနှစ်တာလေ့လာဆည်းပူးပြီးနောက်မှာ သားဖွားမီးယပ်အလုပ်ကို လက်တွေ့လုပ်ကိုင်ဖို့ရာ ပြည့်သူ့ဆေးရုံတစ်ခုကို ရောက်ရှိလာခဲ့ပြီး လူအင်အားမလုံလောက်တဲ့ဆေးရုံလေးမှာ အစာစားချိန် အပေါ့သွားချိန်တောင်မရလောက်အောင် လုပ်ကိုင်ပြီး ပြဿနာ၊ အခက်အခဲ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာပေါင်းစုံနဲ့ ကြုံတွေ့ရပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ မီးဖွားတဲ့အလုပ်ဟာ ပင်ပန်းခက်ခဲသလောက် မီးဖွားမယ့်သူကိုကူညီပေးတဲ့ သားဖွားမီးယပ် ဆရာ/မတွေရဲ့ အလုပ်အကိုင်ဟာလည်း မလွယ်ကူကြောင်းကို သေချာရိုက်ပြထားပါတယ်။ ဇာတ်အိမ်အချိတ်အဆက်လေးတွေကလည်း နွေးထွေးပြီး ပီတဖြစ်စရာကောင်းတဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတလည်းရစေမယ့် ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။  File size…(1.6 GB)/(867 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Midwives (Sages-femmes) (2023)

Timbuktu(2014) 7.2
Timbuktu(2014) IMDb...7.2, Rotten.....99 Rating တွေကြည့်ရုံနဲ့ဒီကားက စူးစမ်းချင်စရာပါပဲ....Best Foreign Language Film အော်စကာဆုလည်းရထားပါတယ်.အခြားဆု ၂၈ဆုလည်းရထားပါတယ်...ကျွန်တော်ဟာ အစ္စလမ်ဘာသာရဲ့ အယူအဆတွေဓလေ့ထုံတမ်းတွေကိုမသိပါဘူး....ဒီကားမှပြသထားတာတွေကိုမြင်သလောက်လေးပြောပြချင်ပါတယ်...Timbuktuဆိုတာ သူတို့ဘုရားကျောင်းရဲ့နာမည်ပါ....နောက်တစ်ခုက ဂျီဟတ်...ဂျီဟတ်ဆိုတာ တခြားဘာသာတွေအပေါ်လွှမ်းမိုးသိမ်းပိုက်ခြင်းလို့လက်နက်ကိုင်အဖွဲ့အစည်းကဆိုပါတယ် ဒီကားထဲမှာတော့ သူတို့ဘုရားကျောင်းက ဆရာတော်က လက်နက်ကိုင်အဖွဲ့ကို ဂျီဟတ်က မိမိကိုယ်ထဲမှာပဲလုပ်ရတာလို့ပြောတယ်.....နောက်ပြီးတော့ဒီကားရဲ့ plotတွေ  ဒိုင်ယာလော့တွေ ပေးချင်တဲ့ messageတွေကိုပြောဖို့ခက်လှတယ် စကားလုံးတိုင်း အခန်းတစ်ခန်းတိုင်းမှာ တွေးလို့ကောင်းတဲ့အရာတွေပြည့်နှက်နေတယ်...လက်နက်ကိုင်ကြီးစိုးသူတွေကတော့ ဘောလုံးသမား မက်စီ ကမ္ဘာ့ဖလားအကြောင်းတွေပြောနေပေမယ့် ဘောလုံးကန်တဲ့အရပ်သားကလေးငယ်တွေမှာတော့ ကြီးစွာသောစည်းကမ်းချိုးဖောက်သူဖြစ်ပြီးအပြစ်ပေးခံရတယ်...အကြမ်းဖျင်းပြောလို့ရတာကတော့ အရပ်သားတွေပါတယ်..အဆော့မက်တဲ့ကလေးတွေ...ရိုးသားစွာနွားမွေးအသက်မွေးဝမ်းကြောင်းပြုနေတဲ့မိသားစုတစ်စုပါတယ်....လက်နက်ကိုင်အဖွဲ့အစည်းပါတယ်...ဒီကားက တော်ရုံလူကြိုက်ကြမှာမဟုတ်လို့ ဒေါင်းခါနီးစဉ်းစားကြပါ...ကျွန်တော့လိုခပ်ကြောင်ကြောင်လူတွေတော့ကြိုက်မယ်ထင်တယ်....File Size…(850MB) and (350MB) Quality…BluRay 720p Format…mp4 Duration…01:37:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Aung Six Ming
movie

Timbuktu(2014)

2014