Channel Myanmar

Tracey Wilkinson

Give Them Wings (2021) 6.2
Give Them Wings (2021)      Give them wings မွေးကတည်းက ဦးနှောက်အမြှေးပါးရောင်ကြောင့် မသန်မစွမ်းဖြစ်နေခဲ့ရတဲ့ Paul Hodgson ကိုယ်တိုင်ရေးသားခဲ့တဲ့ သူ့ဘ၀အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Paul ဟာမွေးကတည်းက မသန်မစွမ်းဖြစ်နေရပြီး လမ်း‌မလျှောက်နိုင်သလို စကားကိုလည်းပီသအောင်မပြောနိုင်ပါဘူး။ဒါပေမယ့် ဘ၀ကိုအရှုံးမပေးဘဲ အလုပ်ရအောင်ရှာနိုင်ခဲ့သလို ‌ရူးသွပ်တဲ့ဘောလုံးပရိသတ်တစ်‌ယောက်လည်းဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူက အားပေးသလောက် အဖေကသူ့အပေါ်ယုံကြည်ချက်မရှိပါဘူး။ဒါပေမယ့် သူ့အမေနဲ့သူငယ်ချင်းတို့ရဲ့ အားပေးမှုနဲ့ဘ၀မှာကြုံလာတဲ့အခက်အခဲမျိုးစုံကို လက်မလျှော့ဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ Darlington FC ရဲ့အမာခံပရိသတ်ဖြစ်သူ Paul Hodgson ရဲ့ဖြစ်ရပ်မှန်ဘ၀အကြောင်းကို ရိုက်ကူးထားတာပါ။နာမည်ကြီး သရုပ်ဆောင်တွေမပါပေမယ့် ကောင်းမွန်စွာစွမ်းဆောင်ထားနိုင်တဲ့ British ကားလေးပါ။ File size…(1.33GB)/(714MB)/(462MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Give Them Wings (2021)

Billy Elliot (2000) 7,7
Billy Elliot (2000) ဘီလီဆိုတဲ့ ၁၁နှစ်အရွယ် ကောင်လေးလေးဟာ အဖေဖြစ်သူရဲ့ တစ်ယူသန်မှုကြောင့် လက်ဝှေ့ပညာကို သင်ယူနေရတယ်။တကယ်တော့ သူစိတ်၀င်စားတာဟာ လက်ဝှေ့ခန်းမရဲ့ ခြေရင်းပိုင်းမှာ ဆရာမတစ်ယောက်သင်ကြားပေးနေတဲ့ ဘဲလေးအကဖြစ်တယ်။ ဝါသနာကြောင့် သူ့အဖေမသိအောင် ဘဲလေးအကကို ခိုးသင်ပြီး လန်ဒန်မှာရှိတဲ့ အစမ်းစစ်ဆေးလူရွေးပွဲကို သွားရောက်နိုင်ဖို့ကြိုးစားနေရင်း အဖေသိသွားချိန်မှာ လက်လျှော့ခဲ့ရတယ်။သို့ပေမယ့် သားဖြစ်သူဟာ ပါရမီရှိသူဖြစ်ကြောင်း သိသွားတဲ့အခါ ငွေကြေးမတတ်နိုင်တဲ့ကြားထဲက သားကို လန်ဒန်အရောက်ပို့နိုင်အောင် ကြိုးစားပါတော့တယ်။ ဘီလီတစ်ယောက် လူရွေးပွဲမှာ အရွေးခံရပါ့မလား .... သူ့ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာပါ့မလား...... ဘဲလေးအကမှ မဟုတ်ပါဘူး ဝါသနာတစ်ခုခုကို သိပ်ကို passionate ဖြစ်တဲ့သူတွေအတွက် ဒီကားလေးကိုကြည့်ရတာ အဓိပ္ပါယ်များစွာရှိမှာပါ Quality – 720p  blurayrip Duration - 1 hr 50 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Music Translator – Yoon ...
movie

Billy Elliot (2000)