Channel Myanmar

Trấn Thành

Song of the South (2023) 6.1
Song of the South (2023)  'Dat Rung Phuong Nam'(Song of the South)ဟာဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့နာမည်ကျော်ခဲ့ပါတယ်။1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်းလူကြိုက်များရေပန်းစားခဲ့ပါတယ်။အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင်ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ...။ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှအပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီးလှလှရိုက်ကူးပြသွားပါတယ်။ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို ‌တောခိုကာပုန်ကန်နေသူပါ...။ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာလက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေးလာခဲ့ပါတော့တယ်။သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာတိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေကစောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှောခံစားကြည့်လိုက်ပါတော့ဗျာ...။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ ...
movie

Song of the South (2023)

The House Of No Man(2023) 6.9
The House Of No Man(2023) The House Of No Man(2023)**************************ငါမိဘမို့လို့ ငါသာအမှန်ဆိုတဲ့ မိဘမျိုးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်... ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ..Nu ဆိုတဲ့ အမျိုးသမီးဟာ အတ္တကြီးပြီး သမီးတွေအပေါ်မှာ ချုပ်ခြယ်လွန်းပါတယ်...အဲ့ဒီကြားက သမီးအကြီးက သူသဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ သမီးငယ်လေးကို ပိုလို့ချုပ်ခြယ်လာပါတယ်.. လူတွေဟာ ချုပ်ခြယ်ခံရလွန်းတဲ့အခါ ပိုရုန်းကြတယ်မလား ..ဒီလိုပါပဲ သူ့ရဲ့သမီးငယ်လေးဟာလည်း သူ့ရဲ့ကြိုးဆွဲကနေရတဲ့ ဘဝကိုငြီးငြူလာတဲ့တစ်နေ့မှာတော့သူမထင်မှတ်ထားတာကို လုပ်လိုက်မိပါတယ်... ဒီကားလေးက သားသမီးနဲ့မိဘကြားဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေကို ရိုက်ပြထားတာမို့ အိမ်နဲ့အဆင်မပြေသူလေးတွေကြည့်သင့်ပါတယ်.. သားသမီးနဲ့မိဘကြားတင်မကပါဘူး လူအချင်းချင်းထားရမယ့် respect...ကိုယ့်အိမ်ထောင်ဖက်ပေါ်ထားရမယ့် respect စတာတွေကိုလည်း ထည့်ရိုက်ထားတာမို့ ကြည့်သင့်ပါကြောင်း.... File Size :(1.5GB) and (713MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

The House Of No Man(2023)