Channel Myanmar

Trevor Donovan

Savages (2012) 6.4
Savages (2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ...
movie

Savages (2012)

Aloha with Love (2022) 5.9
Aloha with Love (2022) Aloha with love (2022) ================= IMDb rating 5.9/10ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ဟာဝိုင်ရီကျွန်းရဲ့ အငွေ့အသက်တွေပြည့်နေတဲ့ “Aloha with love” လို့ အမည်ရတဲ့ ပေါ့ပေါ့ ပါးပါး အချစ်မိသားစုဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဘဝအတွက် မှတ်သား ဖွယ်ရာ စကားလုံးတွေ၊ အချစ်ရေးမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေ၊ ပြဿနာတွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မြင်တတ်တဲ့ ရှူထောင့်မတူပုံ တွေကို ဗိသုကာပညာရှင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဒီဇာတ် ကားမှာ တင်ဆက်ပြသပေးထားပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ မာဝီကျွန်းသူလေး ဂျန်မာက အရည်အချင်းရှိတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ Los Angelesမှာ အလုပ်လုပ်နေရသူပါ။ တစ်နေ့မှာတော့ ဂျန်မာရဲ့ အချစ်ဆုံး အန်တီရဲ့ သေဆုံးမှုက ကျွန်းသူလေးကို သူ့ရဲ့ကိုယ်ပိုင်ဇာတိကို ပြန်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဈာပနပွဲလုပ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့အန်တီဟာ သူ့ရဲ့အမွေ အနှစ်ဖြစ်တဲ့ အိမ်လေးကို ဂျန်မာနဲ့ သူ့ညီမဆာရာအတွက် ထားပေးခဲ့ပါတယ်။ ဒါတင်မကသေးပဲ သူ့ အထက်တန်းကျောင်းတုန်းက ချစ်သူလည်းဖြစ် ကန်ထရိုက် တာလည်းဖြစ်တဲ့ ဘန် နဲ့ အတူတူမွမ်းမံပေးဖို့ သေတမ်းစာမှာ ရေးထားခဲ့တဲ့အခါ မှာတော့...ဂျန်မာတစ်ယောက် သူ့ရဲ့အလုပ်ကိုဦးစားပေးပြီး LA ကိုပြန်သွားမှာလား... ရည်းစားဟောင်းနဲ့အတူတူ ...
movie

Aloha with Love (2022)

2022
Wolf Hound (2022)
Wolf Hound (2022) Wolf Hound (2022)ဟုတ်ကဲ့ စစ်ကားကြိုက်သူများအတွက် ၂၀၂၂အသစ်ထွက် စစ်ကားလေးကို တင်ဆက်ပေးသွားမှာပါ။ ဇာတ်ကားကို စစဖွင့်လိုက်ချိန်မှာ နေဝန်းထဲကို လေယာဉ်သုံးစင်းပျံသွားတာကို တွေ့ရမှာပါ။ ဒီအခန်းကို ကျွန်တော် တော်တော်ရင်းနီးနေပါတယ်။ ဆက်ပျံပြနေပါတယ်။ ရင်းနီးနေပါတယ်။ ဟော သိလိုက်ပါပြီ။ ဘယ်တော့မှ ဘတ်ဂျက်မနိုင်တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ ဒစ်အလည်ခဲ့ဆုံး ရုပ်ရှင်မှာ တွေ့ဖူးတာပါ။Apocaplyse Nowဆိုတဲ့ ရုပ်ရှင်မှာ ဒီလိုခပ်ဆင်ဆင်အခန်းမျိုးပါပါတယ်။ စစ်ကားချင်းလည်းတူတာဆိုတော့ Apocaplyse Nowလိုများ မာစတာ့ မာစတာပိစ်ဖြစ်သွားမလား ဆက်ကြည့်ကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ ဇာတ်ကားနာမည်ကြီးကို နေထွက်တဲ့ဘက်မှာ စာတန်းထထိုးပါတယ်။ WOlF HOUNDတဲ့။ စာလုံးပုံစံကိုက အထင်ကြီးစရာပါပဲ။ တော်တော်ခက်ခက်ခဲခဲလုပ်ယူရမှာ။ ငယ်ငယ်က ကျားကုတ်ကျားခဲကလိဖူးတဲ့သူတွေတော့ သိကြမှာပါ။ မိုက်ခရိုဆော့ ပါဝါပွိုင့်ထဲက 3D EFFECT ရယ် SHADOW EFFCT ရယ်ကိုသုံးထားတာပါ။ လုံးဝကွက်တိချွတ်စွတ်ပါပဲ။ ပေါကားတော့မဟုတ်လောက်ပါဘူး။ အမြင်သစ်နဲ့လုပ်ထားတာပဲဖြစ်မှာပါလေဆိုပြီး ကျွန်တော်ဆက်ကြည့်ကြည့်ပါတယ်။လေယာဉ်တွေ ပစ်ပါတယ်။ ခတ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကားဆိုတော့ နာဇီတွေနဲ့ချတာပါ။ ဘာလို့ချတယ် ဘယ်လိုချတယ်တော့ မပြောတော့ဘူးလေနော့။ အကုန်ပြောမိလို့ တစ်ယောက်မှမကြည့်တော့ရင် အလုပ်ကပြုတ်ဦးမယ်။ဒီနားကတော့ ...
movie

Wolf Hound (2022)

2022
Love, Lost & Found (2021) 5.6
Love, Lost & Found (2021) Love, Lost & Found (2021)====================IMDb Rating - 5.6/10 မထင်မှတ်ထားတဲ့ အချိန်မှာ အချစ်ဆိုတာ ပေါ်လာတတ်တယ်လို့လူတွေပြောကြတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အနားမှာတစ်ချိန်လုံးရှိနေပေမယ့်လည်း ဒါဟာ အချစ်စစ်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ တသစ်ဒင်္ဂလေး တွေ့လိုက်ရုံနဲ့ အချစ်စစ်တွေပေါက်ဖွားလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။တစ်ချို့ကျလည်း အချစ်ဦးဆိုတာကို မေ့ပျောက်မရနိုင်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဆက်မချစ်တတ်ကြတော့ပါဘူး။အချစ်ဟာ အဲ့ဒီလောက်ထိကို ဆန်းကြယ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း ဘက်ဖ်ဆိုတဲ့ လူဟာ သူ့ရဲ့ ချစ်သူ ကလဲရ်ရဲ့ ဇာတိမြေလေးကို သွားပြီး လက်ထပ်ခွင့်တောင်းဖို့ကြံစည်ထားခဲ့ပါတယ်။ နေ၀င်တာကို ကြည့်ရင်း လက်ထပ်ခွင့်တောင်းမယ့် အချိန်မှာပဲ ကံဆိုးစွာနဲ့ ကလဲရ်က တောင်စောင်းပေါ်ကပြုတ်ကျပြီး မြစ်တစ်လျှောက် ပါသွားပါတော့တယ်။ ချစ်သူကို စိုးရိမ်စိတ်နဲ့ ပြူးပျာနေတဲ့ ဘက်ဖ်လည်း တောင်ပေါ်က တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး နတ်တလီဆိုတဲ့ တောခေါင်းမလေးနဲ့တွေ့.....ဘက်ဖ်ရဲ့ ချစ်သူ ကလဲရ်နဲ့တွေ့တဲ့ ကယ်ဆယ်ရေးအဖွဲ့က လူဟာလည်း ကလဲရ်ရဲ့ ရည်းစားဟောင်း ကော့တ်ဖြစ်နေပါတော့တယ်။ဒီအတွဲလေး ၂ ...
movie

Love, Lost & Found (2021)

2021
Surrogates (2009) 6.3
Surrogates (2009) Surrogates (2009)===============IMDb Rating - 6.3/10#Unicodeအနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို ...
movie

Surrogates (2009)

2009
Takers(2010) 6.5
Takers(2010) Takers(2010)(unicode)(ရသအပြည့်အဝခံစားနိုင်စေရန် Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် တင်ဆက်ပေးထားပါသည်...) လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်...စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို မျက်နှာဖုံးစွပ်အနက် တွေလည်း ဝတ်ဆင်လိုက်ကြတယ်...M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်... သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်း သွေးအေးတည်ငြိမ်လွန်းနေကြတယ်... သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်.... ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်.... ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.... ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ.... LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား... ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ... ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့ Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ....(zawgyi)(ရသအပြည့်အဝခံစားနိုင်စေရန် Blu-Ray 1080p 5.1 CH, Blu-Ray 720p ...
movie

Takers(2010)