Channel Myanmar

Trish Rainone

The Void (2016)
The Void (2016)  ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Mystery, Horror, Science fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra 
movie

The Void (2016)

My Animal (2023)
My Animal (2023) ဟယ်သာဟာ ဆယ်ကျော်သက် တစ်ယောက်။ ဟယ်သာကို အဖေကလွဲပြီး ဘယ်သူမှမချစ်ဘူး၊ ဟယ်သာ့ဘက်မှာ ဘယ်သူမှမရှိဘူး။ ဒီလိုမျိုး အဘက်ဘက်ကနေ ဖိနှိပ်မှုတွေနဲ့ ကြုံနေရတဲ့ ဟယ်သာဟာ မြို့ကို ပြောင်းရွှေ့လာတဲ့ ရေခဲပြင်စကိတ်ဝါသနာရှင်လေး ဖြစ်တဲ့ ဂျိုနီးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အေးစက်နေတဲ့ မြို့ငယ်လေးမှာ ဟယ်သာအတွက်ပထမဆုံးနေရောင်ခြည်လေး ဂျိုနီး…ဟယ်သာရဲ့ လျှို့ဝှက်ချက်ကို ဂျိုနီးတစ်ယောက် သိသွားတဲ့အခါမှာတော့… Hunger Gameမှာ  Rueအဖြစ်ပါဝင်ခဲ့တဲ့ Amandla Stenbergနဲ့  Under the silver lake ဇာတ်ကားမှာ အသိအမှတ်ပြုခံထားရတဲ့ Bobbi Salvör Menuez တို့ဦးဆောင်ပါဝင်ထားပြီး ၂၀၂၃မှာထွက်ရှိထားတဲ့ ဇာတ်ကားအသစ်ဖြစ်ပါတယ်။  Horror romanceအမျိုးအစားဖြစ်လို့ ဆယ်ကျော်သက်တွေရဲ့နေ့စဉ်ဘဝ၊ ဖိအားနဲ့ စိတ်ခံစားချက်အပြောင်းအလဲတွေအပြင် ဟယ်သာနဲ့ဂျိုနီးကို ခြောက်လှန့်လာမယ့် လျှို့ဝှက်ချက်ကိုပါ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်  Ahorne ဖြစ်ပါတယ် File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Fantasy, Horror, ...
movie

My Animal (2023)