Channel Myanmar

Troye Sivan

Trolls Band Together (2023)
Trolls Band Together (2023) Trolls Band Together (2023)နာမည်ကျော် ဂီတကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Trolls မှင်စာလေးများ ကာတွန်း သုံးကားမြောက်လာပါပြီ။ပထမနှစ်ကားကတော့ Trolls 2016, Trolls World Tour 2020 တို့ပါပဲ။ အသံသရုပ်ဆောင်အနေနဲ့လည်း ဂျက်စတင်တင်ဘာလိတ် နဲ့ အန်နာ ကန်းဒရစ်တို့ပဲ ပါဝင်ပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ Trolls မှာ မိသားစုတွေပိုမြိုင်ဆိုင်သွားအောင် ဘရန့်ရဲ့ ငယ်ငယ်ကကွဲသွားတဲ့ အစ်ကိုတွေ ပြန်ပါဝင်လာပါတယ်။ ဘရန့်ဟာ ဘရိုဇုံဆိုတဲ့ ညီအစ်ကိုတွေနဲ့ဖွဲ့ထားတဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့တစ်ခုက အငယ်ဆုံးညီလေးဖြစ်ခဲ့ပါတယ်။တစ်နေ့မှာတော့ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် ညီအစ်ကိုတွေအကုန် တစ်လမ်းစီထွက်သွားခဲ့ပြီး ဘရန့်ကိုတော့ အဘွားနဲ့ ထားခဲ့ကြပါတယ်။ နှစ် ၂၀ နီးပါး အဆက်အသွယ်မလုပ်တော့တဲ့ အစ်ကိုတွေကို စိတ်နာနေပေမဲ့ တစ်နေ့မှာတော့ အကြီးဆုံးအစ်ကိုဂျွန်ကလာပြီး အစ်ကိုလတ်ဖြစ်သူ ဖလွိုက်ကို မသမာသူနှစ်ယောက်က ဖမ်းထားတဲ့အကြောင်းနဲ့ သူ့ကိုကယ်နိုင်ဖို့ ညီအစ်ကိုတွေအားလုံး ပြန်စုဖို့လိုကြောင်း ပြောလာတဲ့အခါ....File size…(5GB) ...
movie

Trolls Band Together (2023)

Three Months (2022)
Three Months (2022) Three months Coming of age ရုပ်ရှင်လေးပါ။ Caleb ဟာ ဆယ်ကျော်သက်အရွယ်ဂေး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ပုံစံကြောင့် သူငယ်ချင်းတစ်ယောက်ကလွဲရင် အပေါင်းအသင်းမရှိပါဘူး။အထက်တန်းကျောင်းပြီးခါနီးမှာပဲ သူနဲ့တူတူနေမိတဲ့ သူစိမ်းတစ်ယောက်ဟာ HIV ရှိနေမှန်းသိလိုက်ရပါတယ်။ သူ့ဆီမှာလည်း ပိုးရှိမရှိကို‌ ဆေးစစ်ချက်အဖြေသိဖို့ သုံးလစောင့်ဆိုင်းရင်း တွေ့ကြုံရတဲ့ အချစ်ရေး၊သူငယ်ချင်းကြား သံယောစဉ်၊မိသားစုပြဿနာ တွေကိုပြသထားပါတယ်။ ဇာတ်လမ်း setting ထူးဆန်းစွာ 2011မှာတည်ထားပါတယ်။ Homosexuality ကိစ္စတွေ HIV ကူးစက်ခံသူတွေရဲ့ဘ၀တွေအပြင် မလွယ်ကူတဲ့ဆယ်ကျော်သက်ဘ၀ကို ပွင့်ပွင့်လင်းလင်းပြထားပါတယ်။ နာမည်ကျော်အဆိုတော် YouTuberလေး Troye Sivanက အဓိကနေရာကနေ ပါ၀င်ထားပြီး Judy Greer,Viveik Kalra တို့လည်းပါ၀င်ထားပါတယ်။ File size…(1.69 GB)/(720.39 MB)/(419.22 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Three Months (2022)

Boy Erased(2018) 7.0
Boy Erased(2018) Boy Erased(2018) IMDb.....7.0,,,Rotten.....81% "ဟဲလို""မစ္စနန်စီအီမန်လားခင်ဗျ""ဟုတ်ပါတယ်""'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ""ရှင် ဘာများဖြစ်လို့လဲ""အဲ့ဒါက...."ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်...သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်...သားရဲ့နာမည်ကတော့ ဂျဲရက်...ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ...မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ဂျဲရက်ကိုယ်တိုင်က"သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့...ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ...မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်...ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမကစရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်.....သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်....ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး....နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့...အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်..မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်...မှတ်ချက်....((မြန်မာဇတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...))File Size : (900 ...
movie

Boy Erased(2018)

2018