Channel Myanmar

Trúc Anh

Dreamy Eyes (2019) 6.9
Dreamy Eyes (2019) Dreamy Eyes (2019)~ IMDb rating - 6.9/10 ~"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..."စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား ...
movie

Dreamy Eyes (2019)

2019
The Guardian (2021) 5.7
The Guardian (2021) The Guardian (2021)ဒီတစ်ခေါက်ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ကားလေးကတော့သရဲကားတစ်ကားပါ ကူမန်ထောင်အရုပ်ဆိုတာ ကြည့်ရှုသူတိုရောကြားဖူးကြလားဒီကားမှာဆိုရင်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီကူမန်ထောင်အရုပ်ကိုကလေးဝိဉာဉ်ထည့် အသက်သွင်းပြီး လိုရာဆုတောင်းရင်ပြည့်တယ်လိုယုံကြည်ကြပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ဖွန်လိုခေါ်တဲ့ နာမည်ကျော်အဆိုတော်တစ်ယောက်ကညစ်ညမ်းဗီဒီယိုထွက်လာပြီးတဲ့နောက်မှာ သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်ဒါပေမယ့် သူမသေဆုံးတဲ့နေရာနားမှာပဲ ကူမန်ထောင်အရုပ်ကိုတွေ့ခဲ့ရပါတယ်သူမသေဆုံးခြင်းကဒီအရုပ်နဲ့တစ်နည်းနည်းများပတ်သက်နေမလား...လီကိုကိုးကတော့ ဖွန့်ရဲ့နောက်ခံသီဆိုသူတစ်ယောက်ပါအသံကောင်းပေမယ့် ကံကြမ္မာကမျက်နှာသာမပေးတော့နာမည်မရခဲ့ပါဘူးတစ်နေ့မှာတော့ မိန်းမတစ်ယောက်နဲ့တွေ့ဆုံကာဖွန်မသေခင်ကလက်ဆောင်ပေးခဲ့တဲ့သူ့ရဲ့ကူမန်ထောင်အရုပ်ကိုအသက်သွင်းလိုက်ပြီးတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲဆုတောင်းပြည့်ပြီးသူတိုင်းကံဆိုးခြင်းတွေရောက်လာတဲ့ဒီ အရုပ်ကြောင့်လီတစ်ယောက် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ‌စိတ်ဝင်တစားကြည့်ရှုနိုင်ရန်ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်ဤဇာတ်ကားရဲ့အညွှန်းကိုတော့ Yunniမှရေးသားထားပြီးဘာသာပြန်တွေကတော့ Yunniနဲ့Honeyey တိုပဲဖြစ်ပါတယ်  File size… 1.4Gb / 700Mb Quality… 1080p WEB DL / 720p Format…Mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by   Yunni ~ Honeyey
movie

The Guardian (2021)

2021