Channel Myanmar

Tucker Brown

Camp Hideout (2023) 4.7
Camp Hideout (2023) Camp Hideout (2023) ================လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (750 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Camp Hideout (2023)

2023
Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)