Channel Myanmar

Tusshar Kapoor

Kyaa Super Kool Hain Hum (2012) 5
Kyaa Super Kool Hain Hum (2012) Kyaa Super Kool Hain Hum (2012) "ခပ်ချိုချို တလွဲဖြစ်ခြင်းများ" =============================အတည်ပေါက်နဲ့ခွီရတာမျိုးမဟုတ်ဘဲ ပေါတောတောနဲ့ တကယ်ခွီ တကယ်ရယ်ရတဲ့အတွက် နောက်ဆက်တွဲရုပ်ရှင်နှစ်ကားပါ ထပ်ထွက်ခဲ့တဲ့ ဟင်ဒီစကားပြော ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို သရုပ်ဆောင်တွေကလည်း အရမ်းချောတဲ့ထဲ မပါတဲ့အပြင် ဇာတ်လမ်းအစမှာ ခပ်ပေါ့ပေါ့ဟာသတစ်ကား ကြည့်မိသွားသလို ခံစားသွားရစေနိုင်ပေမဲ့ မိနစ်အနည်းငယ်ကြာတာနဲ့ ကွာလတီရှိတဲ့ ဟာသကားဆိုတာကို သဘောပေါက်သွားကြမှာပါ။ဇာတ်လမ်းကတော့ ထွေထွေထူးထူးမဟုတ်ဘဲ ဆစ်ဒ်နဲ့ အာဒီဆိုတဲ့ လူငယ်နှစ်ယောက် အိပ်မက်တွေနောက်လိုက်ရင်း ကပေါက်တိ ကပေါက်ရှာတွေဖြစ်တာကို ဇတ်ကွက်ဖော်ရိုက်ကူးထားတာ။ရုပ်ရှင်ထဲမှာသုံးထားတဲ့ ပြက်လုံးတွေကလည်း အရိုင်းဆန်သလိုရှိပေမဲ့ အခြေအနေကိုလိုက်ပြီး သဘာဝကျကျရယ်ရအောင် သူ့နေရာနဲ့သူ ထည့်ထားတဲ့အတွက် စိတ်ပင်ပန်းလို့ ဟက်ဟက်ပက်ပက်ရယ်ချင်နေတဲ့သူတွေ တကယ်ကြည့်သင့်တဲ့ရုပ်ရှင်လေးတစ်ခုပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…4.3GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kyaa Super Kool Hain Hum (2012)

2012
Shootout at Wadala (2013) 6
Shootout at Wadala (2013) Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie

Shootout at Wadala (2013)

2013
Om Shanti Om (2007) 6.7
Om Shanti Om (2007) ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sora 
movie

Om Shanti Om (2007)

2007
[18+] Mastizaade (2016)
[18+] Mastizaade (2016) အိန္ဒိယရဲ့ အလန်းမင်းသမီး Sunny Leone ရဲ့ အချစ်ဟာသ ဇာတ်ကားလေးပါ။ ရုပ်ရှင်ပိုစတာကြည့်လိုက်တာနဲ့ မိသားစုနဲ့မကြည့်သင့်မှန်း တန်းသိမှာပါ။ Adult Comedy အမျိုးအစားဖြစ်တာကြောင့် Sunny Leone ပရိတ်သတ်တွေအတွက်သာ ရည်ရွယ်တင်ဆက်လိုက်ပါတယ်။ဟာသကားဆိုပေမဲ့ အသက်မပြည့်တဲ့ကလေးငယ်တွေ၊ မိသားစုနဲ့ကြည့်မယ့်သူတွေကြည့်ဖို့မသင့်တော်တဲ့ကားမျိုးဆိုလည်း ဟုတ်ပါတယ်။ မင်းသမီးရဲ့အဖော်အချွတ်တွေ အသားကုန်သုံးထား၊ ၁၈ အပေါင်းဟာသတွေ ရှယ်သုံးထားတဲ့ ဟာသကားမျိုးပါ။ တော်ရုံဟာသကားလောက်နဲ့မဖြုံတဲ့သူတွေမကြည့်သင့်ပေမဲ့ တစ်ချို့တွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ ခွီ‌လို့ကောင်းမယ့် ကားကောင်းလေးတစ်ကားပါ။အဒီယားနဲ့ ဆန်နီဆိုတဲ့ လူရှုပ်လူ‌ပွေတွေပေါ့ဗျာ၊ တွေ့သမျှစော်လေးတွေ လိုက်ဖိ၊ ဟိုဟာလျှောက်လုပ် ဒီဟာလျှောက်လုပ် စုံစေ့နေအောင် လျှောက်လုပ်ဖူးတဲ့ကောင်တွေပေါ့။တွေ့သမျှ ကောင်မလေးတွေကို ပေါ့ပေါ့တန်တန်သဘောထားတဲ့သူတို့နှစ်ယောက် ခေတ်မီမီနဲ့လှတဲ့လိုင်လာလီလီ နဲ့ ဂန္တဝင်ဆန်ဆန်လှတဲ့လီလီလဲ့လဲ့ ဆိုတဲ့ လုံးကြီးပေါက်လှအမွှာညီအစ်မ‌နဲ့တွေ့တဲ့အခါ ဘယ်လိုတွေဈာန်လျှောပြီးတော့ ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာ....။ဆန်နီရဲ့အလှအပတွေနဲ့ရင်ပူချင်ရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ File size…(2.4 GB)/(1.2 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu ...
movie

[18+] Mastizaade (2016)

HEVC 1080p
Simmba (2018) 6.3
Simmba (2018) ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး ...
movie

Simmba (2018)

2018
Golmaal Again (2017) 5.2
Golmaal Again (2017) မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘ၀ကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ...
movie

Golmaal Again (2017)

2017