Channel Myanmar

Twinkle Khanna

Baadshah (1999) 6.9
Baadshah (1999) Baadshah (1999)******************ရှာရွတ်ခန်းရဲ့Action/Comedyဇာတ်ကားတစ်ကားဖြစ်ပြီး IMDB rating 6.9 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းဘာဒေရှာကိုသူ့ရဲ့အမေကသူ့အဖေလိုမျိုး ရဲဝန်ထမ်းတစ်ယောက်ဖြစ်စေချင်ပေမယ့် သူကတော့ရဲဝန်ထမ်းအလုပ်ကိုလုံးဝစိတ်မဝင်စားဘဲ သူရဲ့သူငယ်ချင်းတစ်ဖွဲ့နဲ့ စုပြီးတော့ ဘာဒေရှာလျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီဆိုပြီးရုံးတစ်ရုံးဖွင့်ထားပါတယ်။လျှို့ဝှက်ထောက်လှမ်းရေးအနေနဲ့ သူ့ကိုအလုပ်အပ်ထားတဲ့ မဟင်ဒရာဆိုတဲ့သူရဲ့စိန်တွေကို ပြန်အရယူနိုင်ပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမစ္စတာမဟင်ဒရာရဲ့သမီးလေး ကိုဂိုအာမြို့မှာ ပြန်ပေးဆွဲခံရတဲ့အတွက် သူ့သမီးကိုကယ်တင်ပေးဖို့ ဘာဒေရှာကို လှမ်းအကူအညီတောင်းပြန်ပါတယ်။ဘာဒေရှာက ဂိုအာထိသွားရမှာဖြစ်တဲ့အတွက်ကြောင့် သူ့ကို မဟင်ဒရာက လေယာဉ်လက်မှတ်ဖြတ်ပေးလိုက်ပြီး။ ဘာဒေရှာ ဂိုအာကိုသွားမယ့်နေ့မှာပဲ CBI အဖွဲ့ကလည်း ဘာဒေရှာဆိုတဲ့နာမည်နဲ့ တခြားစုံထောက်တစ်ယောက်ကို အမှုကိစ္စတစ်ခု ဖြေရှင်းဖို့အတွက် တာဝန်ပေးလိုက်ပါတယ်။ ဘာဒေရှာဆိုတဲ့ နာမည်နှစ်ခု တူနေကြတဲ့အတွက် ဘယ်လိုအရှုပ်အထွေးတွေနဲ့ကြုံ ကြမှာလဲ.... ကလေးကိုရောဘယ်လိုကယ်ကြမလဲ....ဘောလိဝုဒ်ဖန်တိုင်း လက်မလွှတ်သင့်တဲ့ ကားတစ်ကား ဖြစ်ပါကြောင်း.... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : (1.8 GB) / (560 MB) Quality : 720p-WebDL, 480-WebDL Format…mp4 Duration…2h 55min Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Baadshah (1999)

1999
Tees Maar Khan (2010)
Tees Maar Khan (2010) Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။  File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie

Tees Maar Khan (2010)