Channel Myanmar

Ty Trumbo

Torn: A Wicked Trilogy (2022) 4.9
Torn: A Wicked Trilogy (2022) Torn: A Wicked Trilogy (2022) ======================လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP ...
movie

Torn: A Wicked Trilogy (2022)

2022
Student Body (2022) 4.4
Student Body (2022) Student Body (2022) ===================ဒီဇာတ်ကားလေးကတော့ 2022 မှာ အသစ်ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိုရီးယားအမျိုးသမီးဒါရိုက်တာ Lee Ann Kurr ရဲ့ ပွဲဦးထွက် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ဂျိန်း နဲ့ မဲရစ် တို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက ပေါင်းလာ ကြတယ်ဆိုပေမယ့် ပြေလည်တဲ့ ဆက်ဆံရေးမျိုးတော့ မရှိခဲ့ဘူးပေါ့။ အထက်တန်း ကျောင်းရောက်တဲ့အခါ မဲရစ်ရဲ့ သူငယ်ချင်းအဖွဲ့ထဲ ဝင်ဆံ့ဖို့ ခိုင်းသမျှအကုန်လိုက် လုပ်ပေးပြီး စာတော်တာတောင် မတော်ချင်ယောင်ဆောင်တဲ့ထိ လုပ်ပေးတဲ့ ဂျိန်း အတွက် ကျောင်းက ဆရာဖြစ်သူ မစ္စတာ အန်စပက်ခ်ရဲ့ ကြိမ်းမောင်းမှုတွေကို ခံရတယ်။ တစ်ညမှာ ကျောင်းကို အဖွဲ့လိုက်ကြီး အချိန်မတော် ခိုးဝင်ကြပြီး ထင်မှတ်မထားတဲ့ ကြောက်လန့်ဖွယ်ဖြစ်ရပ်တွေ စတင်ဖြစ်ပျက်လာခဲ့ပါတော့တယ်။လုံခြုံရေးစနစ်တွေကြောင့် ကျောင်းထဲမှာ ပိတ်မိနေပြီး အပြင်ထွက်လို့မရဖြစ်သွားတဲ့ ဂျိန်း တို့ သူငယ်ချင်းတစ်စုအတွက် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူ့ခံစားရမှာပါ။ဇာတ်လမ်းလေးက ထိတ်လန့်ကြောက်ရွံ့ဖွယ် ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်စေပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာတော့ ...
movie

Student Body (2022)

2022