Channel Myanmar

Tygo Gernandt

Black Death (2010) 6.4
Black Death (2010)  ၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူအစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ...။အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲကဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beastမင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမမယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးCarice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ...။ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံကပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့တစ်သားတည်းဖြစ်လွန်းလှပါတယ်...။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်...။အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေသေကြေပျက်ဆီးကြရပါတယ်...။လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်ကပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့...။သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့...။ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသားလူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်းဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်....။အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည်သက်ဝင်သူရှိရင်...၊စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်...။အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲစုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးကသူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်...။ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး....Action, Drama, History, Horror, Mystery စတဲ့ရသအစုံပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.... File size…2.19GB / 1.3GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

Black Death (2010)

Baantjer het begin (2019) 6.8
Baantjer het begin (2019) Baantjer het begin (2019) ================== IMDb Rating - 6.8/10ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီး ဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ် အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ် ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်း ရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့ စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည် စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက် ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေ လူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေ အလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန် စတွေကိုသိသွားခဲ့ရပါတယ်။ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူ တွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြ မလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သ လဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.87 GB) / (680 MB) / (364 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 53Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Fiona ...
movie

Baantjer het begin (2019)

2019
The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015
Kill Switch (2017) 5.4
Kill Switch (2017)   ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ 2017 မှာအသစ်ထွက်ထားတဲ့ စိတ်ကူးယဉ်ကားလေးပါ ရူပဗေဒပညာရှင် ဝဲလ်ဟာ သူ့ညီမနဲ့အတူ ထရာမာဖြစ်နေတဲ့ သူ့တူလေးကို စောင့်ရှောက်ပေးနေသူပါ တစ်နေ့တော့ အော်တာပလက်စ်ကနေ သူ့ကိုအလုပ်ခေါ်ရာကနေ စခဲ့တာပါ သူတို့က ပဲ့တင်ကမ္ဘာတစ်ခုကို ဖန်တီးပြီး အဲဘက်ကနေ တကယ့်ကမ္ဘာဆီကို စွမ်းအင်တွေလွှဲပြောင်းယူဖို့ ကြိုးစားချင်တာပါ သူတို့တကယ်ပဲ ပဲ့တင်ကမ္ဘာဖန်တီးဖို့ အောင်မြင်ခဲ့လား ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလဲ ဆိုတာကိုရင်ခုန်ဖွယ်ရာ ရိုက်ကူးထားပါတယ် သိပ္ပံစိတိကူးယဉ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက်တကယ်ကို လက်လွတ်မခံသင့်တဲ့ကားလေးပါ ဇာတ်ကားတစ်ခုလုံး ပဟေဠိဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီးနောက်ဆုံးမှာ ဘာတွေဖြစ်လာလဲ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မေသရဖီလွင် ပါ)  File Size : (700 MB) and (290 MB) Quality : 720pBluray Running Time : 1hr 31minutes Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encode by Thanhtike Zaw
movie

Kill Switch (2017)

2017