Channel Myanmar

Tyler Abron

The Final Say (2023) 7.2
The Final Say (2023)  ဘလိုင်းဒိတ်တစ်ခုကနေ ချစ်ခြင်းမေတ္တာအပြည့်အ၀နဲ့ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု။ ဘုရားသခင်မှာ စိတ်ရင်းနဲ့ သက်ဝင်ယုံကြည်ကြတဲ့ သူတို့တွေ... သူတို့မိသားစုလေးမှာ ကလေးတွေအများကြီးနဲ့ဖြည့်တင်းဖို့ ဆုတောင်းမျှော်လင့်ထားခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူရဲ့ ရင်သွေးတွေအများကြီးယူဖို့ဆိုတဲ့ မျှော်လင့်ချက်ကြီးမားမှုကို သိနေ ခံစားနေရတဲ့ ဇနီးသည်တစ်ယောက်အတွက် ကလေးယူဖို့က သူ့ချို့ယွင်းချက်ဖြစ်နေတာမို့ အရမ်းချစ်ပေမဲ့ စွန့်လွှတ်ဖို့ ကွာရှင်းဖို့လမ်းကို ရွေးချယ်ခဲ့ပါတယ်။အထက်ကဇာတ်လမ်းကို ပြောပြနေတာကတော့ အတ္တလန်တာကိုသွားနေတဲ့ လေယာဉ်ပေါ်က ဂျော်ဒန်ဆိုတဲ့သူ။ မုန်တိုင်းကြောင့် လေယာဉ်ဆင်းဖို့ကြန့်ကြာနေတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လက်ထရိစ်ဆိုသူ သူစိမ်းအမျိုးသမီးလေးကို စိတ်သက်သာရာသက်သာကြောင်း ပြောပြနေတဲ့ ဇာတ်လမ်းတပုဒ်ပေါ့။ သူတို့နှစ်ဦးလုံးက အတ္တလန်တာကို မင်္ဂလာပွဲအခမ်းအနားသွားတက်ကြမှာ။ဆိုတော့... သူတို့တွေ လိုရာခရီးကို အချိန်မှီရောက်နိုင်မှာလား။ သူပြောပြနေတဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပါ) File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

The Final Say (2023)

Fear (2023)
Fear (2023) Fear (2023)ကြောက်ရွံ့မှုသဘောတရားကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Horror ကားသစ်တစ်ကားဖြစ်ပါတယ်။ရွန်နဲ့ သူ့ချစ်သူတို့ဟာ ပိတ်ရက်ကို သူငယ်ချင်းတွေနဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းဖို့ ခရီးထွက်လာကြပါတယ်။ အခြေအနေက ဗိုင်းရပ်စ်ပိုးတွေ ကူးစက်မှု ငြိမ်နေတဲ့ကာလဖြစ်ပြီး ရွန်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေအားလုံး ဆုံဖြစ်အောင် လာကြတာပါ။ရွန်က နာမည်ကြီးအကောင်းအားအကောင်းဆုံး ၀တ္ထုရေးဆရာဖြစ်ပြီး သူ့ရဲ့နောက်ထွက်မယ့်စာအုပ်အတွက် လေ့လာစုဆောင်းနေတုန်းဖြစ်ပါတယ်။ သူတို့တွေ တည်းခိုရမယ့်နေရာက စတော်ဘယ်ရီတည်းခိုရိပ်သာပါတဲ့။ အဲဒီရိပ်သာက လှပတဲ့တောအုပ်ထဲမှာရှိပြီး ပိတ်ရက်ကို အပန်းဖြေချင်သူတွေအတွက် ငှားပေးတာပါ။ အစက ရောက်ရောက်ချင်းမှာ ရွန်က ချစ်သူ ဘီရန်ကာကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ မတောင်းဖြစ်လိုက်ပါဘူး။ ရိပ်သာမှာ သူတို့ကိုချက်ကင်၀င်ပေးတဲ့ အမျိုးသမီးကြီးက သူတို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးပြီး လက်ဆောင်အဖြစ် သူတို့ကိုယ်ပိုင်လုပ်တဲ့ ဝိုင်တစ်ပုလင်းပေးခဲ့ပါတယ်။ညနေဘက်မှာ ရွန်တို့သူငယ်ချင်းတစ်စု စုဝေးကြတုန်း ရွန်က ဒီဒေသနဲ့ ဒီရိပ်သာရဲ့ သမိုင်းကြောင်းပုံပြင်ကိုပြောပြပါတယ်။ ဒီဒေသက အရင်က အမေရိကန်လက်အောက်မခံခင် ...
movie

Fear (2023)

2023