Channel Myanmar

Ufuk Bayraktar

Dayı: Bir Adamın Hikâyesi (2021) 6.1
Dayı: Bir Adamın Hikâyesi (2021) Dayi: Bir Adamin Hikayesi (2021) (ယောကျ်ားတစ်ယောက်ရဲ့ ဇာတ်လမ်း) IMDb - 6.1/10ဆုပေါင်းများစွာရရှိဖူးတဲ့ မင်းသားကြီးတွေပါဝင်ထားတဲ့ တူရကီ ဂန်းစတားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်။ ဒီရုပ်ရှင်ထွက်တဲ့အချိန်တုန်းက ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေဆီကနေ အကောင်းဆုံးတူရကီရုပ်ရှင်တွေထဲကတစ်ကားလို့ ချီးကျူးခံခဲ့ရပါတယ်။ချေဗာဟိရှ်က ထင်ရာစိုင်းတတ်ပြီး မှားနေတာကိုမြင်ရင် အမှန်ပြင်ပေးလိုက်ဖို့ဝန်မလေးတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်။ အရွယ်ရောက်လာတဲ့ထိ တဇွတ်ထိုးနိုင်လွန်းလို့ အဖေဖြစ်သူက ဘာမှ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ကောင်ဆိုပြီး အမြင်မကြည်တာမို့ မိခင်ဖြစ်သူက အစ္စတန်ဘူလ်မှာကြီးပွားနေတဲ့ ရပ်ဆွေရပ်မျိုးလုပ်ငန်းရှင်တစ်ယောက်ဆီကို ပို့လိုက်ပါတယ်။ ဒီမှာပဲ ချေဗာဟိရှ်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ အစ္စတန်ဘူလ်က အစ်ကိုကြီးလိုခင်ရတဲ့ လုပ်ငန်းရှင်သူဌေးက ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့အခါမှာ ချေဗာဟိရှ်ရဲ့ ထင်ရာစိုင်းတဲ့စိတ်နဲ့ ဒီလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့...။(aungmo3han ဘာသာပြန်ပေးထားပါတယ်)Genre..... Action, Adventure, Drama Quality…. 1080p | 720p File size… 1.5GB | 675MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Dayı: Bir Adamın Hikâyesi (2021)

2021
The Mountain II (2016) 9.6
The Mountain II (2016) "ခါဒေးလ်"ဆိုတာ အီရတ်နဲ့တူရကီနိုင်ငံအကြားနယ်စပ်မှာ ရှိနေတဲ့ ဇနပုဒ်ရွာကလေးတစ်ရွာဖြစ်ပြီးတော့ တခါက တူရကီနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။"ဇေဒါး"အမှန်တရားကို ဖော်ထုတ်ဖို့အတွက် ဘာသာမတူပေမယ့် အိုင်အက်စ်(Daesh)တို့ဆီမှာ နှိပ်စက်ခံနေရတဲ့ ယာဇီဒီဘာသာဝင်တွေအတွက် ရပ်တည်ပေးခဲ့သူ မွတ်ဆလင်ဘာသာဝင်တူရကီ အမျိုးသမီး...အီရတ်နိုင်ငံထဲက "ယာဇီဒီဘာသာဝင်''တွေ အပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ အိုင်အက်စ်တွေအကြောင်း ရုပ်သံရိုက်ကူးမှုတွေပြုလုပ်နေတဲ့ "ဇေဒါး"တို့သတင်းသမားတွေကို အိုင်အက်စ်အဖွဲ့ကွဲ့က ဖမ်းဆီးပြီး ပြန်ပေးဆွဲမှုတစ်ခုပြုလုပ်ခ့ပါတယ်။အကြိမ်ကြိမ်အခါခါ သဘောထားပျော့ပျောင်းပြခဲ့တဲ့ တူရကီအစိုးရဟာ ခုတစ်ကြိမ်မှာတော့ ပြန်ပေးဆွဲသမားတွေတောင်းဆိုတာကို မလိုက်လျောတော့ဘဲ အဖမ်းဆီးခံ တူရကီနိုင်ငံသူကိုပဲ အထူးတပ်ဖွဲ့တွေသုံးပြီး ကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဇေဒါး အနေနဲ့ အသက်ဘေးကလွတ်မြောက်ခဲ့ရပေမယ့် အီရတ်နယ်စပ်ကခါဒေးလ်ရွာကလေးကတူရကီသားချင်းတွေဖြစ်တဲ့ Turkmens တွေကတော့ ဇေဒါးတို့နဲ့နှုတ်ဆက်စကားဆိုပြီး နောက်တစ်နေ့မှာကိုပဲ အိုင်အက်စ်တွေရဲ့ မြေလှန်သတ်ဖြတ်တာကို ခံရတေ့ာမှာပါ။ဇေဒါး အနေနဲ့ သူ့ကိုကယ်တင်ဖို့ရောက်လာတဲ့ တူရကီအထူးတပ်ဖွဲ့ဝင်တွေကိုအကူအညီတောင်းပေမယ့်လည်း နှလုံးသားမရှိသူတွေထံက အကူအညီရမယ့်ပုံမပေါ်ပါဘူး.....ဘာတွေများ ဆက်ဖြစ်ကြဦးမလဲ........File Size : (0.99 GB) and (450 MB) Quality : WEB-DL 720p Running Time ...
movie

The Mountain II (2016)

2016