Channel Myanmar

Uhm Ji-sung

Hide and Seek (2013) 6.3
Hide and Seek (2013) Hide and Seek (2013) ================“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Hide and Seek (2013)

2013
The Throne(2015) 7.1
The Throne(2015) 2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB /  Quality…1080p Blu Ray DTS 5.1Ch /  Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie

The Throne(2015)

2015
The Chronicles of Evil 6.8
The Chronicles of Evil The Chronicles of Evil (2015) စုံထောက် Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီး ဌာနမှာ ရာထူးတိုးဖို့ အလားအလာရှိ‌နေသူတစ်ယောက်ပါ။ ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာ ကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်း Choi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ ရာထူးတိုးဖို့အကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာ အလောင်းကို လာချိတ်ထားခဲ့ပါတယ်။ ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက် မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကို တိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။ လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား????? လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့ The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ မင်းသားPark Seo Joon ပါဝင်တဲ့အပြင် စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီး Ratingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Translated by : Milkeux Encoded by : August
movie

The Chronicles of Evil

2015