Channel Myanmar

Ully Triani

Galaksi (2023) 6.5
Galaksi (2023) Galaksi (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ကားလေးကတော့ “ Galaksi “ လို့ခေါ်တဲ့လူငယ်ကြိုက်ကျောင်းသားလူမိုက်ကားလေးဖြစ်ပါတယ်ဂါလက်ဆီ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်က Ravispa ဆိုတဲ့ကျောင်းသားတွေချည်းပါဝင်ထားတဲ့လူမိုက်အဖွဲ့ရဲ့ခေါင်းဆောင်ပါ လူမိုက်တွေဆိုပေမယ့် သူတို့တွေဟာ Broken Family ကနေ လာကြတဲ့ စိတ်ဒဏ်ရာကိုယ်စီနဲ့ ကလေးတွေဆိုလည်းမမှားပါဘူးတစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင်ဂါလက်ဆီဟာ သူတို့ကျောင်းက စာကြိုးစားတဲ့ စံပြကျောင်းသူမလေးတစ်ယောက်ကိုစိတ်ဝင်စားမိသွားပါတော့တယ် အဲ့ဒီကျောင်းသူမလေးကတော့ဂါလက်ဆီကိုဆိုရင်လုံးဝကိုကြည့်မရပါဘူး ဒါပေမယ့်တဖြည်းဖြည်းဂါလက်ဆီနဲ့သိကျွမ်းလာပြီး နောက်မှာ သူ့ကိုမမုန်းတော့တဲ့အပြင် ဂါလက်ဆီရဲ့ဘဝလေးကိုပြုပြင်ပေးနိုင်ဖို့ကြိုးစားပါတော့တယ် ဆက်လက်ပြီးတော့ သူမဂါလက်ဆီရဲ့ဘဝကိုပြုပြင်ပြီးလမ်းပြပေး နိုင်ပါ့မလား သူတို့နှစ်ယောက်ရဲ့အချစ်ရေးကချောမွေ့ပါ့မလားဆိုတာကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 792MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Galaksi (2023)

2023
Kajiman: Iblis Terkejam Penagih Janji (2023) 7.4
Kajiman: Iblis Terkejam Penagih Janji (2023) Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Kajiman: Iblis Terkejam Penagih Janji (2023)

2023
Asih 2 (2020) 6.2
Asih 2 (2020) Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie

Asih 2 (2020)

2020
Mendarat Darurat (2022) 6.1
Mendarat Darurat (2022)  "တစ်ခုပြောပြမယ်ကွာ ၊ မင်းက ဖောက်ပြန်ပြန် မပြန်ပြန် အရေးမကြီးဘူး....သူကတော့ ဖောက်ပြန်တယ်ပဲ ထင်နေမှာဒါဆိုရင် တကယ်ဖောက်ပြန်လိုက်တာမှ ကောင်းဦးမယ်အနည်းဆုံးတော့ ပျော်ရတာပေါ့...."အဲ့ဒီလို နားယောင်ကောင်းပြီး အတတ်ကောင်းတွေတတ်မယ့်သူကတော့ အိမ်ထောင်ရှင် ယောကျာ်းဖြစ်တဲ့ ဂလန်ပါ...။အိမ်ထောင်သက်တမ်းကြာလာတဲ့အလျှောက် ဂလန်တစ်ယောက် ဇနီးဖြစ်သူမာယာဆီက ဗျစ်တောက်တောက်နဲ့ နေ့မအားညမနား ဖောက်ပြန်တယ်ချည်းပဲစွပ်စွဲခံရ ပူညံ့ပူညံ့ဆူခံရပါတော့တယ်...။ဘယ်လောက်ထိ ပူညံ့ခံရလည်းဆို အမြဲလိုလို ဘယ်ရောက်‌ရောက်ဘာလုပ်လုပ် ဓာတ်ပုံရိုက်ပြီး မိန်းမကိုအစီရင်ခံတင်ပြရသူပါ...။တကယ်ဖောက်ပြန်တာလည်း မဟုတ်ဘဲ ခဏခဏ နားငြီးလာတော့ပုရိသသားပီပီ ဂလန်ဟာ ရုံးကသူ‌ဌေးမြှောက်ပေးတဲ့ "တကယ်ဖောက်ပြန်လိုက်တာမှ ကောင်းဦးမယ်"ဆိုတဲ့ စကားကိုနားယောင်ပြီး ဖောက်ပြန်ဖို့ကြံပါတော့တယ်...။အရံသင့်ချင်တော့ ရုံးကလုပ်ဖော်ကိုင်ဖက်လေး ကာနီယာကလည်းသူ့ကိုသဘောကျနေပြီးသားဖြစ်နေလေရဲ့...။ဒီတော့ ဂလန်တစ်‌ယောက် မိန်းမမသိအောင် ခြေရှုပ်ဖို့ကြံရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဒီ အင်ဒို comdey romance ကားလေးထဲမှာကြည့်ရှုနိုင်ပါပြီ..။  File size…1.34GB / 650MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Mendarat Darurat (2022)