Channel Myanmar

Ulrike Beimpold

The Wall (2012) 6.7
The Wall (2012)  ဆောင်းရာသီအေးနေတဲ့အချိန်မှာ Nobody love meဆိုပြီးအထီးကျန်နေတဲ့ ကောင်ဇိုးလေးတွေအတွက် survival movieလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ခုချိန်မှာ ငါတစ်ယောက်တည်းပါလားလို့ ခံစားနေရသူတွေဒီရုပ်ရှင်ထဲက အမျိုးသမီးကြီး ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ဆောင်းညရှည်တွေကို Alpsတောင်တန်းကြားမှာ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရင်း inspiration ရပါစေလို့မျှော်လင့်ရင်းနဲ့.... ဒီရုပ်ရှင်လေးမှာ အပိုင်း ၄ ပိုင်းနဲ့မြင်ရမှာဖြစ်ပါတယ်။ပထမဆုံးအပိုင်းက သူငယ်ချင်း ၃ ယောက်နဲ့ခွေးတစ်ကောင်Alps တောင်တန်းမှာ အမဲလိုက်ခရီးထွက်လာချိန်ပေါ့။နွေးထွေးတက်ကြွတဲ့သူငယ်ချင်းတစ်စုရဲ့  ပျော်ရွှင်တဲ့ခရီးတစ်ခုနဲ့အစပျိုးထားပြီး ပြဿနာကတော့ ဟူဂိုနဲ့လူးဝစ်က အနီးနားကရွာကဘားတစ်ခုကိုအသွားမှာ သူကတော့ခွေးတစ်ကောင်နဲ့ အမဲလိုက်တဲမှာ နေရစ်ခဲ့တာပါပဲ။ မနက်မိုးလင်းချိန်မှာ ဟူဂိုနဲ့လူးဝစ်ပြန်မလာလို့လိုက်အရှာမှာ လမ်းမှာလူရယ်လို့ တစ်ယောက်မှမတွေ့ရဘဲ တစ်နေရာအရောက်မှာ ထူးဆန်းပြီးမမြင်ရတဲ့နံရံကြီးက သူ့ကိုတားဆီးထားတယ်ဆိုတာပါပဲ။ ဒီနေရာမှာတော့ ‌ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ ဇာတ်လမ်းရဲ့ဒုတိယအပိုင်းပေါ့။ ကြောက်လန့်ခြင်းရဲ့အထီးကျန်ခြင်းရဲ့ နောက်ကလိုက်လာတာကတော့ စိတ်ဓာတ်ကျခြင်းဖြစ်ပြီး နေ့ရောညပါ ရာသီဥတုကတစ်မျိုးအတွေးကတစ်ဖုံနဲ့ အိပ်မရတဲ့ညတွေလည်းဒုနဲ့ဒေးပေါ့။ ရင်မောရတဲ့နေ့ရက်တွေ ရှင်သန်ချင်စိတ်ကုန်နေတဲ့နေ့ရက်တွေကို ခွေးကလေးရယ်ကြောင်ကလေးရယ် နွားတစ်ကောင်ရယ်နဲ့အတူကုန်ဆုံးနေတဲ့သူနောက်ဆုံးမှာ Acceptance and Adaptation ဆိုတဲ့အဆင့်ကိုရောက်ဖို့ဘယ်လိုတွေရုန်းကန်သွားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်းနဲ့အထီးကျန်ဘဝကနေ ရုန်းထွက်ဖို့အင်အားတွေရစေဖို့ ...
movie

The Wall (2012)