Channel Myanmar

Ushan Çakır

Art of Love (2024)
Art of Love (2024) Art of Love (2024) Synopsisပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။ Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။ အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။ အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။ တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။အညွန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Art of Love (2024)

2024
Love Me Instead (2021)
Love Me Instead (2021)  ( ဘာသာပြန်သူ 100% recommend ပေးပါတယ် )IMDb 7/10 အထိ ရရှိထားတဲ့ တူရကီရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ Castတွေအနေနဲ့ တူရကီနိုင်ငံရဲ့ ရတနာ အနုပညာရှင်တွေဖြစ်ကြတဲ့ Ercan Kesal, Sarp Akkaya, Su Burcu Yazgı Cos‌kun, Aleyna Özgeçenနဲ့ Füsun Demirel အစရှိတဲ့ အကျော်ဇေယျတွေချည်းပါပဲ။မူဆာ ဆိုလက်က ခွန်းညအကျဉ်းထောင်မှာ ထောင်ဒဏ် အကြာကြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပါ။ သူ ထောင်ကျနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ Spotify ကိုတောင် သူ မသိပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မူဆာရဲ့ မယားဖြစ်သူ ဆုံးသွားပြီးနောက် အဖော်မဲ့နေတဲ့ သူ့ရဲ့သမီးလေး ရွန်းဂျာ ဆီကို တစ်ရက်ပြန်ခွင့်ရလာပါတယ်။ မူဆာကို စောင့်ကြည့်ဖို့ ဆီးဒတ် ယူဂျယ်လို့ ခေါ်တဲ့ အကျဉ်းထောင်စောင့် ပုဂ္ဂိုလ်က လိုက်ပါရပါတော့တယ်။ ...
movie

Love Me Instead (2021)

Have You Ever Seen Fireflies? (2021) 6.2
Have You Ever Seen Fireflies? (2021)  IMDb 6.2/10ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ ပြဇာတ်ကို ပြန်လည်ဖန်တီးရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း စတင်ဖျော်ဖြေခဲ့တဲ့ ၁၉၉၉ ခုနှစ်ဇန်နဝါရီလ ကနေ ၁၉၉၉ ခုနှစ်မေလအထိ လေးလအတွင်း ၉၇ ကြိမ်တိတိပြန်လည်ဖျော်ဖြေခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။“ ဒီနိုင်ငံမှာက ထက်မြက်တဲ့သူတွေ အပြစ်ပေးခံရတတ်တယ်တဲ့ “ ဂူဆယ်ရန်ရဲ့အဖေက ဆယ်ကျော်သက်အရွယ် ဂူဆယ်ရန်လေးကို ပြောခဲ့တဲ့စကားပါ ။ပိုးစုန်းကြူးလေးတွေအကြောင်း စိတ်ဝင်စားတဲ့ ဂူဆယ်ရန်က ခြောက်လအရွယ်မှာစကားစပြောတတ် ၊ နှစ်နှစ်အရွယ်မှာ စာဖတ်တတ်ပြီး အသက်ကြီးလာတော့လည်းဘယ်လိုဂဏန်းလေးလုံးပါတဲ့ ကိန်းမျိုးကိုမဆို စိတ်နဲ့မြှောက်နိုင်တဲ့အထိ ဉာဏ်ထက်တဲ့မိန်းကလေးတစ်ယောက်ပါ ။ ၁၉၇၀ ပြည့်နှစ်ကျော် တူရကီနိုင်ငံရဲ့ အစိုးရအပြောင်းအလဲနဲ့နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဂူဆယ်ရန်တစ်ယောက် ဘယ်လိုဆက်ရှင်သန်မလဲ ။ကမောက်ကမဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ အချစ် ၊ အလွမ်း ရသမျိုးစုံကိုသာလွန်ဉာဏ်ရည်မျိုးရှိတဲ့ ဂူဆယ်ရန်ရဲ့ ရှုထောင့်ကနေ ရင့်နင်ဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။  File size…1.76GB / 848MB Quality…NF WEB-DL ...
movie

Have You Ever Seen Fireflies? (2021)