Channel Myanmar

Valerio Mastandrea

The First Day of My Life (2023) 6.7
The First Day of My Life (2023)  "ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့"ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို ...
movie

The First Day of My Life (2023)

The Place (2017) 7.0
The Place (2017)  မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ "the place"ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့်စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိတဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကိုသူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လိုချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေးစိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်းတွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူအညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါးရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက်ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်းတာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကိုတီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေးရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာတွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီးဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်'လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖိုဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Place (2017)

Diabolik – Ginko Attacks (2022) 5.5
Diabolik – Ginko Attacks (2022) Diabolik - Ginko Attacks (2022)၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.15GB, ...
movie

Diabolik – Ginko Attacks (2022)

2022
Diabolik (2021) 5.9
Diabolik (2021) Diabolik (2021)၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ...
movie

Diabolik (2021)

2021
The Land Of The Sons (La Terra Dei Figli) (2021) 6.1
The Land Of The Sons (La Terra Dei Figli) (2021)    The Land Of The Sons (La Terra Dei Figli) (2021)~~~~~ Imdb - 6.1 အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။  File size…(1.5GB)/(834mb)/(385 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre...Drama /  Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sp
movie

The Land Of The Sons (La Terra Dei Figli) (2021)

Dog Years (2021) 5.8
Dog Years (2021) Dog Years (2021)=============IMDb Rating - 5.9/10ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အီတလီလူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ တစ်မျိုးလေး ထူးဆန်းနေမှာပါ ဘယ်လိုထူးဆန်းလဲ ဆိုတာကတော့ အောက်မှာ ဆက်ဖတ်ကြည့်ကြပါနော်၊ခွေးတစ်ကောင်ရဲ့ အသက်တစ်နှစ်ဆိုတာ လူ့အသက်တစ်နှစ်ရဲ့ ၇ဆနဲ့ညီမျှပါတယ် ဥပမာဆိုရရင် သူတို့အသက် ၁၁၂ နှစ်ရောက်တဲ့အချိန်ဆို လူတွေက ၁၆ နှစ်အရွယ်ပေါ့။ အဲ့လို ခွေးအသက် ၁၁၂ နှစ် (လူ့အသက် ၁၆ နှစ်) မှာ ခွေးတွေ သက်တမ်းကုန်ဆုံးကြတယ်လို့ ယူဆထားတဲ့ စတေလာဆိုတဲ့ ကောင်မလေးကလည်း သူမရဲ့အသက်ကို ခွေးတွေရဲ့အသက်တွက်နည်းအတိုင်း တွက်ချက်ပြီးနေထိုင် ပါတော့တယ်။သူမကိုယ်သူမ အသက်၁၆နှစ်ပြည့်ရင် သေတော့မယ်လို့ထင်နေတဲ့ စတယ်လာတစ်ယောက် သူမသေခင် ၁လအလိုမှာ သူ့ဘဝမှာ မလုပ်ဖူးတဲ့အရာတွေကို စာရင်းလုပ်ပြီး စတင်လုပ်ဆောင်ပါ တော့တယ်။ အပေါင်းအသင်းလည်းသိပ်မရှိ ရည်းစားလည်းမရှိ တစ်ယောက်တည်းပဲအချိန်ကုန်ဆုံး နေခဲ့တဲ့ စတယ်လာတစ်ယောက်..... သူမ လုပ်ချင်နေတဲ့စာရင်းကကောဘာဖြစ်မလဲ.... ဘာလို့များ သူမရဲ့အသက်ကို အဲ့လိုတွက်ချက်ရတာလဲ....ဆိုတာကို သူငယ်ချင်းသံယောဇဥ်လေးတွေနဲ့ အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe ...
movie

Dog Years (2021)

2021
Zeros and Ones (2021) 5.0
Zeros and Ones (2021)  ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ကိုဗစ်lockdown အတွင်းသွားရောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ် Main leadကတော့ အတော်များများသိကြတဲ့မင်းသား Ethan Hawkeပါသေချာပေါက်ပြောနိုင်တာက ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေရဲ့အမြင်ပေါ်လိုက်ပြီး ဝိဝါဒကွဲပြားစရာတွေ များနိုင်ပါတယ်၊ မေးခွန်းထုတ်စရာတွေ ရှိနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖြစ်ရပ်တစ်ခုထဲအပေါ်မှာပဲ လူ၂ဦးရဲ့ ရှုထောင့်၂မျိုးကို ရောစပ်ရိုက်ကူးထားလို့ပါဗာတီကန်မြို့တော်ကို ဗုံးခွဲတိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုကြောင့် ရောက်လာတဲ့ အမေရိကန်စစ်သားဟာ အကျဉ်းကျခံနေရတဲ့၊ ဖောက်ခွဲမှုအကြောင်း သိထားနိုင်တဲ့ ညီဖြစ်သူ တော်လှန်ရေးသမားကို သဲကြီးမဲကြီးလိုက်ရှာနေခဲ့ပါတယ်ဒါ့အပြင် ရောမမြို့ရဲ့လမ်းမထက်က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဖောက်ခွဲမှုကို တားဆီးဖို့ကြံတဲ့အခါ.... ထိုစစ်သားအနေနဲ့ အဖျက်လုပ်ငန်းတွေကို တားဆီးနိုင်မှာလား၊ ဖောက်ခွဲသူတွေရဲ့ သဘောထားကရော ဘယ်လိုဖြစ်နေမလဲ စသဖြင့်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__1.5 GB , 800 MB Quality__1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:25:00 Type__Action , Adventure , Drama Subtitle__Myanmar Subtitle ...
movie

Zeros and Ones (2021)