Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vanessa Giselle
5.5
American Outlaws (2023)
American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန်ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကိုအသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင်ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင်မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ်လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်ကသုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်းသူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့်လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယိုတွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကိုကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေးမောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေးဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73 GB / 730 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
American Outlaws (2023)