Channel Myanmar

Vanity

Neon City (1991) 5.3
Neon City (1991) Neon City (1991) =============၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-Fi, Action, Post-Apocalyptic ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Mad Max လို ရုပ်ရှင်မျိုး ကြိုက်နှစ်သက်တယ်ဆိုရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ လုံးဝကြီး တူတယ်လို့ မဟုတ်ပေမယ့် post-apocalyptic vibe တော့ အပြည့်အဝရ မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အိုဇုန်းလွှာကြီးပျက်စီးပြီး ကမ္ဘာကြီးမှာ ရာသီ ဥတုတွေ ဖောက်ပြန် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူသားတွေ အကြပ်အ တည်းတွေကြားမှာ ရှင်သန်ရပါတော့တယ်။ ဟယ်ရီဟာ နယ်စပ်မှာ လှုပ်ရှား တဲ့ ရိန်းဂျားဟောင်း ကြေးစားမုဆိုးတစ်ယောက်ပါ။ တစ်နေ့မှာ ရီနိုဆိုတဲ့ ကြယ်နီအမှတ်အသား ရိုက်နှိပ်ခံထားရတဲ့ တရားခံပြေးတစ်ယောက်ကို ဖမ်း မိလိုက်ပါတယ်။ ဒါနဲ့ဂျယ်ရီကိုမြို့ ရိန်းဂျားစခန်းမှာ သွားအပ်ပြီး ဆုကြေးထုတ် ပါတော့တယ်။ ဒါပေမယ့် အဲတရားခံပြေးဟာ ဂျယ်ရီကိုမြို့ စီရင်ပိုင်ခွင့်ထက် ကျော်လွန်နေတာမို့ နီယွန်မြို့ကို ပို့လိုက်ဖို့ ရိန်းဂျားခေါင်းဆောင်ကပြောပါတယ်။အဲလိုနဲ့ ဂျယ်ရီကိုမြို့ကနေ နီယွန်မြို့ကို သွားမယ့် ပို့ဆောင်ရေးယာဉ်တန်းနဲ့ လိုက် ဖို့ဖြစ်သွားပါတယ်။ ကားပေါ်မှာ အကြောင်းပြချက်ကိုယ်စီနဲ့ နီယွန်မြို့ကို ...
movie

Neon City (1991)

1991
The Last Dragon (1985)
The Last Dragon (1985) သိုင်းပညာကို အထွတ်အထိပ်ရောက်အောင်လေ့လာနေတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လီရွိုင်းက နောက်ဆုံးတစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်ဆရာတစ်ဦးကို အသည်းအသန်လိုက်ရှာပါတော့တယ် ဆရာရှာနေစဉ်ကာလမှာ သိုင်းပညာအကျော်အမော်တစ်ဦးရှိုးနက်ဖ်ကလည်းလီရွိုင်းကို ပြိုင်ဆိုင်တိုက်ခိုက်ချင်သဖြင့် ပြဿနာလိုက်ရှာလေ့ရှိပါတယ်။တစ်နေ့တော့ရေပန်းစားသီချင်းတွေကို ကြော်ငြာပေးသူ လော်ရာ့ကို အလုပ်ရှင်တစ်ဦးမှတွေ့ခွင့်ရဖို့ပြန်ပေးဆွဲတာကို ကယ်တင်ရင်းနဲ့လော်ရာထံမှာ ပစ္စည်းတစ်ခုကျန်ရစ်ခဲ့ပါတယ်။ ပစ္စည်းပြန်ရဖို့ လော်ရာ့ကို လိုက်ရှာရင်း လော်ရာ့ကိုအကြပ်ကိုင်တဲ့ သူဌေးကိုအပြစ်ပြုမိသွားကာ သူဌေးရဲ့ပစ်မှတ်ထားခြင်းကိုခံလိုက်ရပါတယ်။ လီရွိုင်းတစ်ယောက် သူတွေ့ချင်တဲ့ဆရာကိုရှာတွေ့ပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မလား။ပြဿနာလိုက်ရှာနေတဲ့ ရှိူးနက်ဖ်ကိုရော ဘယ်လိုအနိုင်ယူတိုက်ခိုက်မလဲဆိုတာကြည့်ရှူခံစားရမယ့် ကွန်ဖူးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.7 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action, Adventure, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

The Last Dragon (1985)