Channel Myanmar

Vatsal Sheth

Adipurush (2023)
Adipurush (2023) Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL  / 720p ...
movie

Adipurush (2023)

2023
Taarzan: The Wonder Car (2004) 4.6
Taarzan: The Wonder Car (2004) Taarzan: The Wonder Car (2004)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ရိုးသားကြိုးစားတဲ့ ကားဒီဇိုင်နာလေး ​​ဒေဗင်ကို ေမာ်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက မကောင်းကြံပြီး သတ်ပစ်လိုက်ကြတယ်အထက်အရာရှိတွေနဲ့ ညှိစားပေါင်းစား ပြီး ဒီအမှုဟာ မတော်တဆမှုအဖြစ် တစ်ခန်းရပ်သွားခဲ့တယ်...12နှစ်ကြာပြီးတဲ့နောက် ဒီလုပ်ငန်းက ပါတနာတွေ တစ်ယောက်ပြီး တစ်ယောက်အသတ်ခံရလာခဲ့ပါတော့တယ်...မျက် မြင်သက်တွေရဲ့ပြောပြချက်အရ သူတို့ကိုကားတစ်စီးက လိုက်သတ်နေပြီး မောင်းနေတဲ့သူကို သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့...ဒါဆို ယာဥ်မောင်းမပါတဲ့ ကားတစ်စီးက လူလိုက်သတ်နေတာလား...ဒီအမှုဟာ ထင်သလို မရိုးရှင်းလာတဲ့အခါ ဘယ်လိုအဖြေရှာဖေါ်ထုတ်ကြမလဲ....တကယ့်အဖြစ်မှန်နဲ့ လှည့်ကွက်လေးတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါ... File size…2.89GB / 1.37GB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by T.A.Y.L.O.R  
movie

Taarzan: The Wonder Car (2004)

2004
The Girl on the Train (2021)
The Girl on the Train (2021) The girl on the train (2021)ရထားပေါ်က မိန်းကလေး ဆိုတဲ့ ရုပ်ရှင်လေး ခံစားကြည့်ရအောင်။ သည်းထိပ်ရင်ဖို စုံထောက်ကား အမျိုးအစား ဖြစ်ပါတယ်။မီရာကာပူး ဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး ရှီကာဆိုတဲ့ ဆရာဝန်နဲ့ လက်ထပ်ထားတဲ့ သူလည်းဖြစ်ပါတယ်။ မီရာဟာ ဂိုဏ်းစတားတစ်ယောက်ကို လူသတ်မှူနဲ့ တစ်ကျွန်းပို့ပြီးတဲ့နောက် လူဆိုးဂိုဏ်းက ပြန်လုပ်ကြံလို့ ကလေးပျက်ကျပြီး အတိတ်မေ့ဝေဒနါပါ ခံစားနေရပါတယ်။ ဒီဝေဒနာတွေကို မေ့ပစ်ဖို့ အရက်ပါစွဲနေပြီး ခင်ပွန်းနဲ့ပါ ကွာရှင်းခဲ့ရတယ်။ဒါပေမယ့် လူသတ်မှူတစ်ခုမှ သူပတ်သတ်နေတဲ့ သက်သေတွေအပြည့်နဲ့ သူဘာမှ မမှတ်မိတဲ့ အခြေအနေကို ကြုံလာတဲ့အခါ.... File size…1.7GB and 874MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr  Subtitle….Myanmar Subtitle (Hardsub) Translator ..... LittleNeo Encoder ..... August
movie

The Girl on the Train (2021)

2021