Channel Myanmar

Verónica Ramírez

Taken In Montana (2023)
Taken In Montana (2023) ဒီဇာတ်ကားလေးကတော့ မိသားစုအပန်းဖြေခရီးထွက်ရာကနေ အဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတဲ့ မိသားစုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ခရေ့နဲ့ သူ့မိန်းမဖြစ်သူ ဆယ်ရာဟာ အလုပ်ကိုယ်စီရှုပ်နေကြသူမို့ မိသားစုအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြသူတွေပါ အဲ့ဒါကို အဆင်ပြေစေဖို့ သူတို့ဟာ သမီးဖြစ်သူ ရေဂန်နဲ့အတူ မိသားစုခရီးလေး‌ထွက်ခဲ့ကြပါတယ် နောက်တစ်နေ့ နံနက်မှာတော့ ရေဂန်ဟာ သူ့မိဘတွေ ပျောက်သွားတာကို လိုက်ရှာနေခဲ့ပါတယ် သူဟာ သူတို့တည်းခိုနေတဲ့ ခြံပိုင်ရှင်ဖြစ်သူ သူ့အဖေရဲ့သူငယ်ချင်းဟောင်း ဂျက်ဆင်ကို အကူအညီတောင်းပြီး မိဘတွေကို အသည်းအသန်လိုက်ရှာပါတော့တယ် ဒါပေမဲ့ သူ့မိဘတွေက ဘယ်ရောက်သွားတာလဲ သူ့အဖေနဲ့ ခြံပိုင်ရှင်ကြားက ဆက်ဆံရေးကရော ဘာလဲ ရေဂန်တစ်‌ယောက် သူ့မိဘတွေကို ပြန်ရှာတွေ့မှာလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ File size…(1.5 GB)/(700 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Taken In Montana (2023)

Road Trip Hostage (2023) 4.4
Road Trip Hostage (2023) Road Trip Hostage (2023) ===================အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အမှားတစ်ခုကနေ လူ‌သတ်မှု အထိ ကြီးထွားသွားခဲ့ပြီး ပြစ်မှုတွေဆက်တိုက်ကျူးလွန်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့တဲ့အခါ.......ဇာတ်လမ်းကတော့ ဒီလိုပါ။ အမ်မာက အောင်မြင်တဲ့အကသမားတစ်ယောက်ဖြစ်ဖို့ စိတ် အားသန်နေပြီး သူ့ရဲ့အမေဖြစ်သူကတော့ ကျောင်းစာကိုပဲ အာရုံစိုက်စေချင်တဲ့သူပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေ များကြပြီးနောက် အမ်မာတစ်ယောက် အိမ်ပေါ်ကဆင်းပြီး သူ့သူငယ်ချင်းရှိတဲ့အိမ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်ကို တော့ ရစ်ခ် ဆိုတဲ့ သူဌေးသားဘောစိတစ်ယောက်က ပိုင်တာပါ။ ပိုက်ဆံတွေ သုံးလွန်းအားကြီးတဲ့ ရစ်ခ်ကို ဖခင်ဖြစ်သူက သုံးစွဲ ခွင့်ကတ်တွေ ပိတ်လိုက်တဲ့အချိန်မှာ ပြဿနာတက်ကြပြီး အဲဒီ နေရာမှာပဲ ရစ်ခ် ရဲ့လက်ချက်နဲ့ ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ရပါ တယ်။လူသတ်မှုကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အမ်မာရဲ့ကားကို လိုက် စီးဖြစ်ရာကနေ အမ်မာတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ထိ ဖြစ် လာပါတော့တယ်။ ရစ်ခ်ရဲ့ မဆုံးနိုင်တဲ့ အမှုတွဲတွေအပြင် အမ်မာ တစ်ယောက် ရစ်ခ်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကတော့ Road Trip Hostage ရဲ့ စောင့်ကြည့်သွားရမဲ့ ဇာတ်ဝင် ခန်းများပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine ...
movie

Road Trip Hostage (2023)

2023