Channel Myanmar

Vicky Knight

Silver Haze (2023) 6.3
Silver Haze (2023)  အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေးနာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကိုများစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက်လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူအမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြားရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်းအဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကိုကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်းအချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်းဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရောစောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…1.33GB / 633MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Silver Haze (2023)

Dirty God (2019) 6.5
Dirty God (2019) ကိုယ်အချစ်ထင်ပြီး ကိုးကွယ်ခဲ့တဲ့လူတစ်ယောက်က ကိုယ့်ဘဝအတွက်သေရာပါ ဒဏ်ရာတစ်ခုပေးခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ဒီဇာတ်ကားလေးထဲမှာဆိုရင် ဂျိတ်ဆိုတဲ့ အမျိုးသမီးဟာ သူရဲ့အတူနေချစ်သူက သူတို့ရဲ့သမီးလေးရှေ့မှာပဲ သူ့မျက်နှာကိုအက်စစ်နဲ့ ပက်တာကို ခံခဲ့ရပါတယ်။သူဟာအသက်မသေခဲ့ပေမဲ့ ဒီရုပ်ဆိုးဆိုး အမာရွတ်တွေနဲ့ပဲ တစ်သက်လုံးနေသွားရတော့မှာပါ။ သူ့ဘဝဟာ ဘယ်လောက်ထိ အခက်အခဲတွေကြုံတွေ့ရမလဲ။အခက်အခဲတွေကိုရော ဘယ်လိုကျော်ဖြတ်သွားမလဲ ဆိုတာရှုစားကြရမှာပါ။ ဒီကားကတော့ မိသားစုနဲ့အတူကြည့်ဖို့အဆင်မပြေပါဘူး...File Size : (935 MB) & (343 MB)Quality : Web-DL 720pRunning Time : 1 hr 44minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin
movie

Dirty God (2019)

2019