Channel Myanmar

Víctor Manuel Pajares

Libélulas (2022) 5.4
Libélulas (2022) Libélulas (2022) ============ဇာတ်ကားနာမည်က စပိန်လို Libelulas ဖြစ်ပီး မြန်မာလို ဆိုရင်တော့ ပုဇဉ်းလေး ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူတို့ရဲ့ဇာတိမြေကနေ အဝေးကို ပျံသန်းသွားချင်တဲ့ဆန္ဒက အဲလက်စ်နဲ့ ကာတာတို့ရင်ထဲမှာအပြည့်ပါ။ သူတို့သူငယ်ချင်း၂ယောက်က ဘာအလုပ်မှရေရေရာရာမလုပ်ပဲ ညတိုင်း ပါတီလုပ် ကလပ်သွားပျော်ပီး ကိုယ်စီစိတ်ဒဏ်ရာတွေကို ကုစားနေတဲ့ လူငယ်သူငယ်ချင်း၂ယောက်ပါပဲ။ အဲလက်စ်က ၇နှစ် အရွယ်မှာပဲ သူ့အမေအဆုံးစီရင်သွားတာကိုမြင်တွေ့ခဲ့ရသူဖြစ်ပီး ကာတာကတော့ အရင်တုန်းကမိသားစုအပေါ်တာဝန်မကျေပွန်ခဲ့တဲ့ လေဖြတ်နေတဲ့ဖခင်ကြီးကိုပြုစုရင်းခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်း ရပါတယ်။တစ်နေ့တော့ အဲလက်စ်ဟာ သူ့ရဲ့အမေရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရတဲ့ ဒီမြို့မှာဆက်မနေချင်တော့တဲ့ဆန္ဒကြောင့် ဘိန်းရောင်းရတဲ့ ငွေတွေယူပြီး သူ့ချစ်သူဂျေအတူ ထွက်သွားဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အရာအားလုံးက သူတချိန်လုံးတောင့်တနေခဲ့တဲ့အတိုင်းလွယ် ကူမလား၊ တခြားဘယ်လိုမမျှော်လင့်တဲ့အခက်အခဲတွေရောက်ရှိလာဦး မလဲဆိုတာ သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်)File Size..........(1.4 GB) / (512 MB) / (324 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Nyein Lai Encoder...........SWM
movie

Libélulas (2022)

2022
The Laws of the Border (2021) 7
The Laws of the Border (2021) လူတောသိပ်မတိုးပဲ ဂိမ်းဆိုင်တွေမှာပဲအနေများတဲ့ Introvert ကောင်လေး နာချိုဟာကျောင်းမှာလည်း အနိုင်ကျင့်ခံကျောင်းသားတစ်ယောက်ဖြစ်ပါတယ်.ဒီကောင်လေးဟာ တစ်နေ့သူသွားနေကြ ဂိမ်းဆိုင်ကနေ လူတစ်ချို့နဲ့တွေ့ပြီးလုယက်ဓားပြတိုက်မှုတွေ မူးယစ်ဆေးထုတ်လုပ်မှုတွေမှာပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး .ဘဝနှစ်မျိုးနဲ့ နေထိုင်နေပါတယ် ဒါပေမယ့်...အမှန်တရားရှောင်လွှဲလို့မရတဲ့အတိုင်းသူ့ရဲ့ Identity အမှန်ကို မိဘဆွေမျိုး ကျောင်းကအနိုင်ကျင့်နေကြ ဘော်ဒါတွေသိသွားခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်သွားမလဲဆိုတာ ကြည့်ရမှာပါ....စပိန်လူဆင်းရဲရပ်ကွက်မှာ ကြီးပြင်းလာတဲ့လူငယ်တစ်ယောက်ရဲ့ ဖိအား‌တွေကိုရိုက်ပြထားပြီးစပိန်တွေရိုက်လေ့ရှိတဲ့ ဓားပြတိုက်လုယက်တဲ့ အမျိုးအစားဖြစ်ပြီး IMDB 7 လောက်ရထားလို့ ကြည့်ကောင်းမယ့်ကားပါပဲ(ဘာသာပြန်နဲ့အညွှန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.4 GB) / (1.2 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:07:00 Genre...Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing  
movie

The Laws of the Border (2021)