Channel Myanmar

Victor Mellors

The Ghost Within (2023)
The Ghost Within (2023)  မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့်အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေးဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာအပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီး ငယ်ဘဝကမှတ်ဉာဏ်တွေကပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင်နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်ကနေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာ ယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူကသူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ ပိုက်ဆံတွေကိုပဲစိတ်ရောက်နေပါတော့တယ်။အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့ အိမ်မှာတစ်ယောက်တည်းကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့သူ့ညီမက သူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီးအဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီး အစ်မဖြစ်သူကိုဘာတွေပြောဖို့ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။  File size…836MB / 347MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 43m Genre …..  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Ghost Within (2023)

The Jack in the Box: Awakening (2022)
The Jack in the Box: Awakening (2022) The Jack in the Box: Awakening (2022)ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ...
movie

The Jack in the Box: Awakening (2022)

2022