Channel Myanmar

Victor Pagan

The Switch (2010)
The Switch (2010)  ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle ...
movie

The Switch (2010)

The Smurfs (2011) 5.4
The Smurfs (2011)  IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie

The Smurfs (2011)

Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012