Channel Myanmar

Victoria Hill

First Reformed (2017) 7.1
First Reformed (2017)  ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie

First Reformed (2017)

Master Gardener (2022) 6.3
Master Gardener (2022) Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie

Master Gardener (2022)

2022
The Secrets We Keep(2020) 6.5
The Secrets We Keep(2020) The Secrets We Keep(2020)************************** IMDb Rating             ........ 6.5/10Rotten Tomatoes    ......... 63%(Drama / Thriller) အချိန်အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလ... အမေရိကန်ပြည်ထောင်စုမှာ ခင်ပွန်းဖြစ်သူ ဒေါက်တာ လူး၀စ် နှင့်အတူ ရိုမေးနီးယန်း အမျိုးသမီးဖြစ်တဲ့ မာယာ ဟာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်.... ခင်ပွန်းသည်ရဲ့ဆေးခန်းကိုကူညီပေးလိုက်…သားငယ်လေးကို ပြုစုလိုက်နဲ့ မာယာဟာ တကယ့်ကို ပြည့်စုံတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ် ဒီလိုနဲ့တစ်ရက်မှာ မြို့ကိုအသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို တွေ့ပြီးတဲ့နောက်တည်ငြိမ်လှတဲ့ မာယာ တစ်ယောက် ..... ချက်ချင်းပဲ ဆောက်တည်ရာမရဖြစ်လာပြီး...လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်ဆိုးကြီးကို ပြန်မြင်ယောင်သွားကာ...အဲ့ဒီလူစိမ်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတော့တယ်.... ဇာတ်လမ်းနာမည်ဖြစ်တဲ့ "The secrets we keep"ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှပြောမပြတဲ့ မာယာ ရဲ့ လျို့ဝှက်ချက်တွေကဘာဖြစ်မလဲ....လူစိမ်းတစ်ယောက်နဲ့ မာယာတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ကိုတော့...ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

The Secrets We Keep(2020)