Channel Myanmar

Vijay Babu

Pendulum (2023) 7.8
Pendulum (2023) Pendulum (2023) "အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း"IMDb 7.7CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေး တင်ဆက်ပေးလိုက်ပါတယ်...တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါအမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်... အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး...သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့... ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ်အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီး တစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့် အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ .....ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါ နောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ ...
movie

Pendulum (2023)

2023
Valatty (2023) 8.6
Valatty (2023) Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie

Valatty (2023)

2023
Theerppu (2022) 5.8
Theerppu (2022) ဒီတစ်ခေါက်မှာတော့ သိပ်မကြာခင်ကပဲ Jana Gana Mana တို့ Kaduva တို့မှာ သရုပ်ဆောင်ထားတဲ့ မင်းသား Prithviraj Sukumaran ရဲ့ ၂၀၂၂ မှာထပ်ထွက်လာတဲ့ မာလာရာလမ် စကားပြော Drama, Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။IMDB 5.8 ရနေပေမယ့် မာလာရာလမ် ကားမို့ ဇာတ်အိမ်မခိုင်မှာတော့ပူစရာ မလိုတဲ့ရုပ်ရှင်ပါပင်လယ်ကမ်းစပ်ရွာတစ်ရွာမှာ မာရာကာ,နေယာ,မီနွန် နဲ့ ဘုန်းတော်ကြီး မိသားစုလေးစုဟာ တစ်ယောက်အခက်အခဲတစ်ယောက်ကူညီရင်းနေထိုင်ခဲ့ကြပါတယ်။ မိသားစုလေးစုရဲ့သားလေးယောက်ဟာလည်း ငယ်စဥ်ထဲကကစားဖော်ကစားဖက်တွေဖြစ်နေပြန်ပါတယ်။ မာရာကာ မိသားစုရဲ့ ဘိုးဘွားပိုင်မြေ ၈ ဧကထဲက ပင်လယ်ကမ်းစပ်ပြင်သစ်တွေကမ်းလှမ်းလာတဲ့အခါ ကျန်မိသားစု သုံးစုရဲ့တိုက်တွန်းချက်ကြောင့် ရောင်းချလိုက်ရင်း မာရာကာမိသားစု အခြေအနေဟာ ဆိုးရွားသွားခဲ့သလို တဖက်လှည့်နဲ့ဝယ်ခဲ့တဲ့ နေယာမိသားစုဟာ ချမ်းသာလာခဲ့ပါတယ်။အဲ့ဒီ မြေနေရာမှာ အပန်းဖြေစခန်းဆောက်ဖို့လုပ်ရင်း မိသားစုလေးစုရဲ့ သားလေးယောက်ပြန်ဆုံကြတဲ့အခါ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေ ထူးဆန်းမှုတွေကို ဘယ်လိုကြုံတွေ့မယ်ဆိုတာတော့ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ပါဦးခင်ဗျာ။ File size…2.7GB / 1.14GB Quality…1080p AVC / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Thet Ko & Shwe Pyae & ...
movie

Theerppu (2022)

2022
Eighteen Hours (2021) 6.9
Eighteen Hours (2021) IMDb Rating (6.9)ဒီဇာတ်ကားကတော့ သေရေးရှင်ရေးပြေးရမယ့် Thriller ဇာတ်ကားပါ...အားကစားပြိုင်ပွဲတစ်ခုကို သွားမယ့် ကျောင်းသူလေးတွေနဲ့ဆရာဆရာမတွေဟာမြူတွေဆိုင်းနေလို့ သွားမယ့်လေယာဉ်က မထွက်ဖြစ်တော့တဲ့အတွက်ကားစင်းလုံးငှားပြီး ပြိုင်ပွဲအမီသွားကြတယ်...တစ်လမ်းလုံးပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းလေးဆိုရင်းခရီးထွက်လာကြပေမဲ့သူတို့အပျော်တွေမဆုံးခင် လမ်းခုလတ်မှာတင်ပဲ ကားတစ်စီးလုံး ပြန်ပေးဆွဲခံရပါတော့တယ်...ပြန်ပေးသမားတွေကလည်း လက်ရဲဇက်ရဲ လူသတ်သမားတွေ မုဒိန်းကောင်တွေဆိုတော့...။ကျောင်းသူတွေနဲ့ဆရာမတွေ ဒီလူယုတ်မာလက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်ကြမယ်ဆိုတာနဲ့ရဲတွေကရော အချိန်မီလိုက်လံကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်လိုက်ပါကြည့်ရှုရမယ့်ကားပါ။ဒီဇာတ်ကားဟာ ရိုက်ချက်ကြမ်းကြမ်းတွေနဲ့ Thriller Taste ကို ခပ်မြန်မြန်ဆွဲခေါ်သွားတဲ့အပြင်လူယုတ်မာတွေကလဲ ပီပြင်ကြတာမို့ ကလေးသူငယ်တွေတော့ မကြည့်ရှုသင့်ပါဘူး။(ဘာသာပြန်နဲ့အညွှန်းကို Thuya မှ တင်ဆက်ထားတာပါ။)  File size…(1.7 GB) / (900 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie

Eighteen Hours (2021)