Channel Myanmar

Vijayaraghavan

Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
ABCD: American-Born Confused Desi (2013)
ABCD: American-Born Confused Desi (2013) ABCD: American Born Confused Desi (2013) ဒေစီမှာရွာလည်IMDb-5.4/10အမေရိကမှာမွေး ဇိမ်ခံပစ္စည်းတွေကြား ပျော်ရွှင်မှုမျိုးစုံ သာယာနေတဲ့ ဂျွန်စ်(ဂျိုး) တစ်ယောက် ဥရောပတစ်ခွင်လည်ပတ်ရင်း စာမေးပွဲတွေတဖုန်းဖုန်းကျနေလေရဲ့အသက်ပြည့်လာတဲ့လူငယ်တစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးရပ်တည်စေချင်လို့ အိမ်ကနေထွက်သွားခိုင်းတာတောင် ဟာဝိုင်အီကိုသွားမယ်‌ကြံနေတဲ့ ဂျွန်စ်တစ်ယောက်ကိုဖခင်က သင်ခန်းစာပေးပါတော့တယ်အဖေနဲ့အမေရဲ့ မွေးရပ်မြေကိုသွားလည်ဆိုပြီး ချောင်ကျကျနေရာကအိမ်တစ်လုံး အနံ့အသက်မလုံတဲ့အိမ်သာနဲ့ အိန္ဒိယရဲ့ အခြေခံလူတန်းစားဘဝကို နေထိုင်စေပြီး credit card တွေပါပိတ်ပစ်လိုက်တော့တယ်လိုတိုင်းရ ပျော်ရွှင်မှုအပြည့်နဲ့ ဂျွန်စ်တစ်ယောက် တစ်ခါမှမရောက်ဖူးတဲ့နေရာမှာ တစ်ခါမှမကြုံဖူးတဲ့အခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်မလား အပျော်တွေနောက်လိုက်ရင်းမိုက်တွင်းနက်နေဦးမလားဆိုတာတော့...အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.6GB / 1.8GB Quality…1080p Blu Ray /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

ABCD: American-Born Confused Desi (2013)

Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023
Voice of Sathyanathan (2023) 6.9
Voice of Sathyanathan (2023) Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB  / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Voice of Sathyanathan (2023)

2023
Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023
Oh My Darling (2023) 5.5
Oh My Darling (2023) IMDb - 6.9 /10 Oh my darling (2023)ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီး Malayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့ ၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါ ဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ်ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ် ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီး ထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးက သူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင် File size…1.87GB/ 801MB Quality…1080p WEB DL /720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ZweYan~Yunni~KhinKhin
movie

Oh My Darling (2023)

2023
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
Padavettu (2022) 8.5
Padavettu (2022) Padavettu (2022) ————————————————— အိန္ဒိယနိုင်ငံက စိုက်ပျိုးရေးရွာငယ်လေးတစ်ရွာကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံရေး action thriller အမျိုးအစားmovie ဖြစ်ပြီး IMDb rating 9/10 ရရှိထားတာဖြစ်ပါတယ် စိုက်ပျိုးရေးကိုပဲ အခြေတည်ပြီး ရှင်သန်စားသောက်နေကြတဲ့ ရွာငယ်လေးမှာ ဒေသနိုင်ငံရေးပါတီပဋိပက္ခတွေကြား ရင်ဆိုင်ကြရတဲ့အခါ..အားကစားသမားbiker တစ်ယောက်ဖြစ်ခဲ့တဲ့ Ravi ဟာ မတော်တဆမှုတစ်ခုကြောင့် လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ introvert တစ်ယောက်ဖြစ်သွားပါတော့တယ်ဒါပေမယ့် သူ့ဘဝကိုတစ်ဖန်ပြန်ပြောင်းလဲစေတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရတဲ့အခါမှာတော့ ရွာရဲ့လွတ်လပ်ခွင့်အတွက် နိုင်ငံရေးစနစ်ကြီးကို တွန်းလှန်ဖို့ကြိုးစားရပါတော့တယ် .. နိုင်ငံရေးသမားတွေနဲ့ ယှဉ်ပြီး ကြိုးစားနေတဲ့ Ravi တစ်ယောက် ရွာသူရွာသားတွေရဲ့ ထောက်ခံအားပေးမှုကိုရော ရရှိလာမှာလား.. ဘယ်အရာကများသူ့ကို တော်လှန်ရေးသမားတစ်ယောက်ဖြစ်စေဖို့တွန်းအားပေးခဲ့တာလဲ.. စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. File size…2.8GB  / 1.26GB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Go-O
movie

Padavettu (2022)

2022
Naradan (2022) 7.3
Naradan (2022) Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။   File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie

Naradan (2022)

2022
Aaraattu (2022) 5.1
Aaraattu (2022) Aarattu(2022)2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင်ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းကရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကိုအစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်​တောင်းရမ်းပါတော့တယ်။ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာB. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ  File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte ...
movie

Aaraattu (2022)

2022
Hridayam (2022) 8.8
Hridayam (2022) Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie

Hridayam (2022)

4K HEVC Web-DL
Kurup (2021) 7.9
Kurup (2021) 1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။  File size…1.5GB / 2.28GB Quality…720p / 1080p AAC 5.1CH Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Shwe Pyae Sone ~ ThuRa Hein
movie

Kurup (2021)

2021