Channel Myanmar

Vincent Doms

Suite Francaise (2014) 7.0
Suite Francaise (2014) Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo ...
movie

Suite Francaise (2014)