Channel Myanmar

Vincent Elbaz

The Book of Solutions (Le Livre Des Solutions) (2023) 6.3
The Book of Solutions (Le Livre Des Solutions) (2023) ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်‌သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ...
movie

The Book of Solutions (Le Livre Des Solutions) (2023)

I Am Not an Easy Man (2018) 6.3
I Am Not an Easy Man (2018) I Am Not an Easy Man (2018) ====================== IMDb Rating - 6.3/10အကယ်၍များ ကျား၊မ ခွဲခြားမှုတွေသာ ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုဖြစ်သွား မလဲ။ ကမ္ဘာကြီးအပေါ်‌ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားမလဲ။ ဒါတွေရဲ့ အဖြေ ကတော့ ဒီဇာတ်ကားထဲမှာ ရှိပါတယ်။တစ်ရက်မှာ ဒေမီယန်ဆိုတဲ့ လူ့အခွင့်အရေးတွေအပြည့်အဝရထားပြီး မိန်းမပွေတဲ့ လူတစ်ယောက်က ဓာတ်တိုင်နဲ့ဝင်တိုက်၊ သတိမေ့ပြီး အခြားကမ္ဘာကိုရောက်သွား တယ်။ သူနိုးလာတဲ့အခါမှာကြည့်ကြည့်တော့လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးနဲ့မတူတာက အဲမှာက အမျိုးသမီးတွေကြီးစိုးနေတာပါပဲ။ ဆိုတော့ ဒေမီယန့်လို လူမျိုးက အဲ့ကိုရောက်သွားတယ်ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ကျား၊မ ခွဲခြားမှုတွေက လူ့အသိုင်းအဝိုင်းအပေါ် ဘယ်လောက်အထိသက်ရောက်မှု ရှိလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ Netflix ရဲ့ ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.61 GB) / (689 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Romance Translator......Khant ...
movie

I Am Not an Easy Man (2018)

2018
The Hundred-Foot Journey(2014) 7.5
The Hundred-Foot Journey(2014) The Hundred-Foot Journey(2014)*******************************အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား... ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား... ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက်က မတူညီတဲ့ ယဉ်ကျေးမှု၊စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေများလဲ....ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပတွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာဖြစ်ပါတယ်... ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ်အစားအသောက်တွေနဲ့မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲ တခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီးအဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားကပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုးနီးစပ်သွားမှာလဲငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ်တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်းအစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ....ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှကြည့်သင့်တဲ့ကားလေးဖြစ်ပါကြောင်း.......File Size :(2.2GB) and (865MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…02:02:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wunna Encoded by Phyo ...
movie

The Hundred-Foot Journey(2014)

The Trouble with You (2018) 6.2
The Trouble with You (2018) The Trouble with You (2018) ===================== IMDb Rating - 6.2/10ဒီတစ်ခေါက်မှာတော့ ၂၀၁၈ က ထွက်ရှိထားတဲ့ comedy drama ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်းန် ဆိုတာကတော့ မြို့ရဲ့ အထူးချွန်ဆုံးရဲအရာရှိတစ်ဦးဖြစ်ပြီး ပြစ်မှုတွေကို ဖြေရှင်းရင်း အသက်ပေးလိုက်ရတဲ့ သူတစ်ဦးပါ။ သူ့မှာ အီဗန်ဆိုတဲ့ ဇနီးဖြစ်သူ တစ်ဖြစ်လဲ ရဲ၀န်ထမ်းမ တစ်ဦးနဲ့ သားကလေး တစ်ဦး ကျန်ရှိနေခဲ့တယ်။အီဗန်ဟာ သူတို့ရဲ့ သားလေးကို သူ့အဖေရဲ့ စွန့်စားခန်းတွေကို ညစဉ် အိပ်ယာ၀င်ပုံပြင်အဖြစ် ပြောပြရင်း ဖြတ်သန်းနေတာပေါ့။ တိုက်ဆိုင် ချင်တော့ တစ်နေ့မှာ သူ့ခင်ပွန်းရဲ့ သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး အပြန်မှာ အမှုတစ်ခုနဲ့တိုးပြီး ခင်ပွန်း ဂျင်းန်ဟာ သူထင်ထားသလို ဖြောင့်မတ် မှန်ကန်တဲ့ရဲ မဟုတ်ဘဲ တကယ့် ‌ငပွေဂျပိုး ရဲ တစ်ယောက်ဖြစ်နေမှန်း အီဗန်တစ်ယောက် သိလိုက်ရပါတယ်။တစ်သက်လုံးသိလာရတဲ့ အရာတစ်ခုဟာ အမှန်တရားမဟုတ်တဲ့အတွက် အီဗန်တစ်ယောက် ဆောက်တည်ရာမရဖြစ်ပြီး ဓါးပြမှုတစ်ခုကနေ သူ့ခင်ပွန်း မတရားထောင်ချခဲ့တဲ့ အန်တွမ်ဆိုတဲ့ သူနဲ့ သွားတွေ့ဖို့ ကြိုးစားရင်း ပြဿနာတွေ တောက်လျှောက်တက်လာတဲ့အကြောင်းကို ...
movie

The Trouble with You (2018)

2018