Channel Myanmar

Vincent Martin

Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

Employee of the Month (2021)
Employee of the Month (2021) ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။***ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ...
movie

Employee of the Month (2021)

V/H/S/94 (2021) 6
V/H/S/94 (2021) အရင်ဆုံး ကြိုတင်မှာထားချင်တာက ဒီဇာတ်လမ်းဟာ သွေးထွက်သံယိုတွေ ဆိုးဆိုးဝါးဝါးပါ၀င်တာကြောင့် ကလေးတွေ ကြည့်ဖို့ အဆင်မပြေနိုင်ပါဘူး ပြီးတော့ ဒီကားကို ကြည့်မယ်ဆို ထမင်းသာအရင်ပြေးစားထားလိုက်ပါဗျဒီဇာတ်လမ်းဟာ V.H.S series တွေရဲ့ 4th installment ဖြစ်ပြီး footage anthology horror film ဖြစ်တဲ့အတိုင်း ဇာတ်လမ်းတစ်လျှောက်လုံးကို ဗီဒီယိုတိတ်ခွေ သဏ္ဍာန်နဲ့ အများဆုံးမြင်ရမှာပါဇာတ်လမ်းအကျဉ်းကတော့S.W.A.T အဖွဲ့ဟာ ထူးဆန်းတဲ့ VHS tape တစ်ခုရဲ့ နောက်ကြောင်းကို စူးစမ်းလေ့လာရာကနေ ဆိုးရွားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖုံးကွယ်ထားတဲ့ ဓလေ့ထုံးတမ်းတွေကို ရှာဖွေတွေ့ရှိသွားကြပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ သာမန်လူ့ဘ၀တွေနဲ့ ကွာခြားတဲ့ အခြေအနေတွေ သဘာ၀ကို လွန်ဆန်နေတဲ့ စမ်းသပ်မှုတွေကို ကြောက်ခမန်းလိလိ မြင်တွေ့ရမှာဖြစ်ပါတယ်File Size : (1.8 GB) & (900 MB) Quality : Bluray rip 1080p & 720 p Running Time : 01:43:00 Format : mp4 Subtitle : Myanmar Subtitle (Hard ...
movie

V/H/S/94 (2021)