Channel Myanmar

Vincent Spano

Wonderwell (2023) 4.9
Wonderwell (2023) Wonderwell (2023) ===============လွယ်လွယ်ပြောရရင် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ အိမ်ပြန်နိုင်ဖို့ ကြိုးစားတဲ့ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဒီကောင်မလေး မှာ ထူးခြားတာက ပန်းပွင့်လေးတွေနဲ့ ပတ်သက်တဲ့ မှော်အစွမ်းတွေ ရှိနေတာပါပဲ။ ပန်းပွင့်လေးတွေကို ထိလိုက်တာနဲ့ သူ့ရဲ့လက်မှာ လာ ရစ်နွယ်သွားပြီး လက်ကောက်လေးတစ်ခုလို ဖြစ်သွားတတ်တယ်။ သူကတော့ ဒီအစွမ်းတွေကို လျှို့ဝှက်ထားရင်းနဲ့ပဲ နေလာခဲ့ပါတယ်။ တစ်ရက်မှာတော့ စုန်းမကြီးရှိတယ်လို့ နာမည်ကြီးတဲ့ တောအုပ်ကြီး ထဲက ရေတွင်းတစ်ခုဆီ ရောက်သွားခဲ့ပြီး အဲဒီရေတွင်းကနေ တခြား ကမ္ဘာတစ်ခုဆီ ရောက်ရှိသွားခဲ့ချိန်မှာတော့....ဒီလိုနဲ့ သူ့ရဲ့ အိမ်အပြန် ခရီးစဉ်ကို စတင်ရတော့တာပေါ့။အိမ်ပြန်နိုင်ဖို့ ကြိုးစားတယ်ဆိုတော့ သူ့မိသားစုက နွေးထွေးတဲ့ မိသား စုလေးမို့လို့နေမယ်လို့ တွေးလိုက်မိရင်တော့ မှားသွားလိမ့်မယ်။ အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အဖေဖြစ်သူရယ်၊ အရယ် အပြုံးမရှိတဲ့ အမေဖြစ်သူရယ်၊ မော်ဒယ်ရူးရူးနေတဲ့ အစ်မဖြစ်သူရယ် ဒီသုံးယောက်ရှိတဲ့ အိမ်ကိုပါတဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.4 GB) / (544 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie

Wonderwell (2023)

Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

Half Brothers (2020) 5.4
Half Brothers (2020) Half Brothers (2020)================IMDb Rating - 5.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ family drama ကားကောင်းလေးတစ်ကားပါ။ရီနာတို ဆိုတဲ့ကောင်လေးတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မက္ကဆီကန်မိသားစုသုံးယောက်ရှိတဲ့အထဲက သားလေးတစ်ယောက်ပါ။ နိုင်ငံစီးပွားရေးတွေ ကျပ်တည်းလာတဲ့အချိန် ရီနာတိုရဲ့အဖေ ဖလာဗီယိုက အမေရိကန်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပြီး ရီနာတိုကိုပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း ပြန်မလာနိုင်ခဲ့ပဲ အမေရိကမှာ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ သိခဲ့ရတယ်။ ရီနာတိုကတော့ သူ့အဖေကို အကြီးအကျယ်စိတ်နာနေခဲ့တယ်။ နှစ်တွေအများကြီးကြာပြီး ရီနာတိုတစ်‌ယောက် ကိုယ်ပိုင်မိသားစုထူထောင်တော့မဲ့အချိန် သူ့အဖေရဲ့အမေရိကန်မိသားစုက ဖလာဗီယိုတစ်ယောက် နောက်ဆုံးအခြေအနေရောက်နေပြီမို့ လာတွေ့ဖို့အသိပေးတဲ့အတွက် အမေရိကကို သွားဖို့ အကြောင်းရှိလာတဲ့အချိန် သူ့မှာ ညီတစ်ယောက်ရှိနေတာကိုပါ သိလိုက်ရပြီး ဖလာဗီယိုသေဆုံးခါနီးမှာ ရီနာတိုတို့ မိသားစုကို စွန့်ပစ်ခဲ့ရတဲ့အကြောင်းကိုရှာဖွေဖို့ ပဟေဠိဆန်ဆန်ချန်ခဲ့တာကြောင့် ရီနာတိုတစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲညီနဲ့အတူ ရှာပုံတော်ဖွင့်ရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Half Brothers (2020)