Channel Myanmar

Vincenza Modica

Suspiria (2018) 6.8
Suspiria (2018) ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် ...
movie

Suspiria (2018)

Martin Eden (2019) 7.0
Martin Eden (2019) ဒါလေးကတော့ IMDb Rating 7နဲ့ tomatoesမှာ 80%ရထားတဲ့အီတလီ Romance-Dramaကားလေးပါ။ချမ်းသာတဲ့လူကုံသံအသိုင်းအဝိုင်းကပညာတတ်မိန်းမချောလေးတစ်ယောက်ကိုချစ်မိသွားတဲ့လူငယ်လေးတစ်ယောက်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာပါ။မာတင်အက်ဒမ်ဆိုတာ သင်္ဘောပေါ်မှာအလုပ်ကြမ်းလုပ်ရတဲ့ဆင်းရဲသားတစ်ဦးဖြစ်ပေမယ့်ရုပ်ရည်ချောမောပြေပြစ်လှသူတစ်ဦးပါ။တစ်နေ့တော့ အနုပညာကိုခံစားတတ်ပြီး စာတွေဖတ်တဲ့သူဌေးသမီးပညာတတ်အလှလေးအယ်လင်နာကိုတွေ့ပြီးချစ်မိသွားတဲ့နောက်မှာတော့ ချစ်ခြင်းမေတ္တာတွေကကဗျာတွေစာတွေအဖြစ်လျှံကျလာပြီး သူစာရေးဆရာဖြစ်ချင်သွားပါတော့တယ်။ပညာရေးမှာမူလတန်းတောင်မပြီးမြောက်ပေမယ့် စာအုပ်တွေဖတ်ပြီးကဗျာတွေ ဝတ္ထုတွေ ဆိုရှယ်လစ်လမ်းစဉ်တွေကိုလက်မခံနိုင်တဲ့စာတွေရေးပါတော့တယ်။မိန်းကလေးမိဘအသိုင်းအဝိုင်းကတော့ပုံစံချင်းမတူ ပိုက်ဆံလည်းမရှာနိုင်တဲ့မျက်နှာမွဲကောင်နဲ့ သဘောမတူတဲ့အခါမှာတော့....Dramaကားတွေကိုနှစ်သက်သူတွေအတွက် စီးမြောပြီးကြည့်ရှုနိုင်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 GB , 427 MB ) Quality : WEB-DL 720p Running Time : 2 hr 09 min Format : Mp4 Genre :  Drama , Romance Subtitle : ...
movie

Martin Eden (2019)