Channel Myanmar

Vincenzo Pirrotta

Mafia Mamma (2023) 5.3
Mafia Mamma (2023) Mafia Mamma (2023) " ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် "ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်...ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။သားဖြစ်တဲ့သူက ကောလိပ်တက်... ယောက်ျားကဖောက်ပြန်... အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး... အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ...
movie

Mafia Mamma (2023)

2023
Romulus & Remus: The First King(2019) 7.1
Romulus & Remus: The First King(2019) Romulus & Remus: The First King(2019)IMDb...7.1ခရစ်တော်မပေါ်ထွန်းမီ လူသားမျိုးနွယ်တို့သည် အယူအဆအမျိုးမျိုး နတ်ဘုရားအမျိုးနဲ့ ယဉ်ကျေးမှု ဓလေ့ခပ်ဆန်းဆန်းတို့ဖြင့်ရပ်တည်လျှက်ရှိသည်... ရိုမက်တို့ညီအကို (၂)ယောက်သည် သိပ်ချစ်ကြသည့် ညီအကို (၂)ယောက်ဖြစ်သည်.... တစ်နေ့ ရေဘေးဒုက္ခကြောင့် သူတို့ မသေရုံတစ်မယ် ထွက်ပြေးကြစဉ် အခြားမျိုးနွယ်တစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်.... လူသားဆန်မှုကင်းသည့်ရှေးအယူအဆများကြောင့် သူတို့ဖမ်းဆီးခံရမှုသည် သေဘေးမှ တစ်ပါး အခြားမရှိပေ... အကြောင်းမှာ ဖမ်းဆီးသည့်အဖွဲ့သည် ရိုမက်တို့ညီအကိုနှင့်အခြားသူများကို အချင်းချင်းတိုက်ခိုက် ခိုင်းပြီး ယစ်ပူဇော်ဟန်လုပ်ခိုင်းသောကြောင့်ဖြစ်သည်... သူတို့ညီအကို(၂)ယောက် ဒီသတ်ဖြတ်ပွဲကြီးက လွတ်မြောက်နိုင်ပ့ါမလား.... ဘယ်လို သူတို့ရှေ့ဆက်ကြမလဲ...... တခြား အရိုင်းဆန်တဲ့အဖွဲ့တွေနဲ့ ထပ်တွေ့ကြဦးမလား..... သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုရောထပ်တွေ့ကြဦးမလား.... ဒီကားကတော့ ရောမမြို့ဖြစ်တည်ရခြင်းအကြောင်းကို အဓိက အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်.... ရိုက်ချက်တွေက တကယ့်ကိုကောင်းသလို သတ်ဖြတ်ခန်းတွေကလည်း ပီပြင်လွန်းလေတော့ ကလေးငယ်တွေနဲ့အတူမကြည့်သင့်ပါဘူး.... ပြီးတော့ ဒီကားဟာ အီတလီရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့သလို အခြားဆု (၅)ဆုနဲ့ ဆန်ကာတင်ဆု(၁၆)ဆုလည်းစာရင်းဝင်ခဲ့တယ်...  File Size : (1 GB) and (369 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye ...
movie


2019