Channel Myanmar

Vinod Sagar

Parundhaaguthu Oor kuruvi (2023) 7.6
Parundhaaguthu Oor kuruvi (2023) Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 ThrillerIMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Parundhaaguthu Oor kuruvi (2023)

2023
Red Sandal Wood (2023) 9
Red Sandal Wood (2023) Red Sandal Wood (2023) IMDb - 9.0/102021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းအန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် ...
movie

Red Sandal Wood (2023)

2023
Infinity (2023) 8.1
Infinity (2023) Infinity ( 2023 ) ============== IMDb 8.7/10အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေ အများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာ သေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။ အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီက ဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) File size…1.7GB / 960MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ V~ Zwe Yan
movie

Infinity (2023)

2023
Laththi Charge (2022) 7.7
Laththi Charge (2022) Laththi 2022 7.7 / 10 IMDb ဒီတစ်ခါမှာတော့ တောင်ပိုင်းအက်ရှင်ဇာတ်ကားကောင်းတွေဖြစ်တဲ့ Veeramae Vaagai Soodum, Enemy, Irumbu Thirai, Chakra, Action, Poojai အစရှိတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်ခဲ့တဲ့ မင်းသားကြီးဗီရှယ် ( Vishal Krishna Reddy) ရဲ့ဇာတ်ကားကောင်းလေး လာပါပြီဇာတ်လမ်းအကျဉ်းလေးကတော့ မူရူဂါဟာ ဇနီးသည်ကာဗီသာနဲ့အတူ ဆယ်နှစ်အရွယ်သားလေးတစ်ယောက်ရှိတဲ့ ရဲတစ်ယောက်ပါ.. တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ကိုလိုက်နှောင့်ယှက်ခဲ့တဲ့သူတစ်ယောက်ကို မုဒိန်းကောင်အဖြစ်နဲ့မှားဖမ်းပြီး ညှင်းပန်းနှိပ်စက်မိခဲ့တာကြောင့် ရာထူးတစ်နှစ်ဆိုင်းငံ့ခံခဲ့ရပါတယ်...ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဆရာဖြစ်ခဲ့ဖူးသူ ရန်ဂနန်သမ်ရဲ့အကူအညီနဲ့ တာဝန်ပြန်ထမ်းဆောင်ခဲ့ရာမှ အလားတူအဖြစ်မျိုးကြုံခဲ့ရပြန်ပါတယ်.... DIG ကာမလ်ရဲ့သမီးဖြစ်သူကိုအရှက်ရအောင်လုပ်ခဲ့တဲ့ တရားခံကိုညှင်းပန်းနှိပ်စက်ခဲ့ရာမှ အဲ့ဒီသံသယတရားခံက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ ဗယ်လိုင်ဖြစ်နေတဲ့အခါ... သူတို့ကြားကရန်မီးက ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာမလဲ... မိသားစုကိုချစ်တဲ့ မူရူဂါ ( Vishal) ကရော မာဖီးယားဂိုဏ်းကို ဘယ်လိုတွေနေထူးနိုင်သွားမလဲဆိုတာ ရသစုံအောင်ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.... File size…2.39GB / 1.13GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Thet Ko ~BpL ~ Cherry ~ ...
movie

Laththi Charge (2022)

2022
4K HEVC
Saudi Vellakka (2022) 8.1
Saudi Vellakka (2022) IMDb 8.2လူတွေဟာ အကြောက်တရားနဲ့ပတ်သက်လာရင် လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း ရှုပ်ထွေးသွားတတ်ကြပြီး ပြဿနာတွေတစီတတန်းကြီးတတ်ခဲ့ရပုံကို ဒီဇာတ်ကားလေးက မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ကားနာမည်က မာလာယလမ်ဘာသာနဲ့ ပြန်ရင် ဆော်ဒီအုန်းသီးနုတဲ့ဟုတ်ပါတယ် ဆော်ဒီအာရေဗျက အုန်းသီးနုတော့ မဟုတ်ဘူးနော်မာလာယလမ်က ဒေသတစ်ခုလေးရဲ့နာမည်ကိုပြောတာပါဒီဇာတ်ကားလေးက အမှုတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ကလေးတွေဟာ ခရစ်ကတ်ကစားရင်းနဲ့ အဖွားအိုကိုထိမှန်သွားရာကနေ စပြီး ဒီအမှုဟာ ကိုးနှစ်ကြာအထိ ကြာညောင်းခဲ့ပါတယ် အမှန်တော့ သူတို့မိသားစုကို ကြည့်မရတဲ့ဘေးအိမ်က တရားလိုမိသားစုကိုမြှောက်ထိုးပင့်ကော်လုပ်ပြီးအမှုဖွင့်ခိုင်းခဲ့တာပါ ပုဒ်မကလည်း ၃၂၆ အာမခံမရတဲ့ပုဒ်မပေါ့ အဘွားအရွယ် ဆီးချို သွေးတိုးလည်းရှိတဲ့လူအတွက် လွယ်ကူမနေလေတော့.... ဆက်လက်ပြီး ဒီအမှုမှာ ဘယ်သူဟာ အမှန်တရားကို အောင်နိုင်မလဲ ဘာတွေသင်ခန်းစာရမလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါနော်..။ File size…1.8GB / 971MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Taylor ~ Yunni
movie

Saudi Vellakka (2022)

2022
Cadaver (2022) 7.9
Cadaver (2022) Cadaver (2022)ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ...ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ...သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni
movie

Cadaver (2022)

2022
4K HEVC Web-DL
Jana Gana Mana (2022) 8.6
Jana Gana Mana (2022) Jana Gana Mana (2022)ဧပြီလ၂၈ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ Malayalam- language အိန္ဒိယ‌ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Central University မှာ ပါမောက္ခအဖြစ်နဲ့ ပညာရပ်တွေ သင်ကြားပို့ချပေးနေတဲ့ဆရာမလေး Saba Mariyam က ညတစ်ညမှာ ကျောင်းက ပြန်လာရင်း အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံလိုက်ရပါတော့တယ်။နဂိုကတည်းက စာသင်ရတာ နှစ်သက်ပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမလည်းဖြစ်တဲ့အပြင်ကျောင်းမှာ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်လုပ်ရင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့စကားအမှား‌ကြောင့် ကျောင်းတွင်းဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုကနေ ရဲတွေကကျောင်းထဲအထိ ရိုက်နှက်ထိန်းချုပ်တာကတစ်ဆင့် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အရေးတော်‌ပုံ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်စေတဲ့ ဆရာမလေးသတ်ခံရတဲ့ မှုခင်းနောက်ကွယ်မှာတော့နိုင်ငံရေးတွေအထိပါ ပါဝင်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ဒီတော့ ကျောင်းသားနဲ့ရဲတွေကြားအထိကရုဏ်းက ဘယ်လောက်ထိ ပြင်းထန်မလဲ။မှုခင်းနောက်ကွယ်မှာရော ဘယ်သူကတရားခံလဲဆိုတာကို ရင်ခုန်စရာကောင်းအောင်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းရော သီချင်းတွေရောအနှစ်တွေချည်း ဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေနော်။    File size…2.02Gb / 971MB Quality…1080p ...
movie

Jana Gana Mana (2022)

2022