Channel Myanmar

Vinson Tran

Bad Influence (2022) 5.6
Bad Influence (2022) Bad Influence (2022) =============== IMDb Rating - 5.6/10ဂျိုအန် နဲ့ လီလီ တို့ သားအမိနှစ်ယောက်က မြို့လေးတစ်မြို့ကို ရာထူးတိုးနဲ့ ပြောင်းရွှေ့လာကြတဲ့သူတွေပေါ့။ အထက်တန်းနောက်ဆုံးနှစ် ရောက်နေပြီ ဖြစ်တဲ့ လီလီက introvert သမားတစ်ယောက်ဖြစ်တာကြောင့် ကျောင်းပြောင်း ရအဆင်ပြေပါ့မလားဆိုပြီး စင်ဂယ်မားသားတစ်ဦးဖြစ်တဲ့ ဂျိုအန်တို့ စိတ်ပူပန် ရခြင်းအပြည့်နဲ့ပါ။ လီလီတစ်ယောက်ကတော့ ကျောင်းရောက်ရောက်ချင်းမှာပဲ ဗွိုင်းအိုးလက်၊  ဒဲရက်ခ် စတဲ့ အော့ကြောလန်ကျောင်းသားတွေနဲ့ ပေါင်းမိသွားခဲ့တယ်။ အထူးသဖြင့် ဘာသာမဲ့ကောင်မလေး ဗွိုင်းအိုးလက် နဲ့ပေါ့။ ဗွိုင်းအိုးလက်ရဲ့ လီလီ့အပေါ် ဆိုးရွားတဲ့ လွှမ်းမိုးမှုတွေကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်လာပြီး ဗွိုင်းအိုးလက်က လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု တစ်ခုနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကိုပါ ဂျိုအန် သိလိုက်ရတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ဒီထဲမှာဆိုရင်ဖြင့် ဆယ်ကျော်သက်တွေရဲ့ စပ်ကူးမတ်ကူးကာလတွေမှာ တွေ့ကြုံရတဲ့ မိဘတွေရဲ့ ခံစားချက်တွေကိုလည်း တွေ့မြင်ရဦးမှာပါ။ ထင်မှတ်မထားတဲ့ အပြောင်း အလဲတွေနဲ့ ကြည့်ရှု့ရတာ တန်တဲ့ Crime, Drama, Thriller ဇာတ်‌ကားတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May ...
movie

Bad Influence (2022)

2022
Riot Girls (2019) 4.8
Riot Girls (2019) ဒီကားလေးကတော့ စွန့်စားခန်းတွေပါဝင်တဲ့လူငယ်ဆန်ဆန်ဇာတ်ကားလေးတစ်ကားပါပေါတာလို့ခေါ်တဲ့မြို့လေးမှာ ထူးဆန်းတဲ့ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီးတော့လူကြီးတွေအကုန်ပျောက်ဆုံးသွားပါတယ်အဲဒီအချိန်ကနေစပြီးတော့မြို့ကအရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းဆိုပြီးကွဲသွားပါတယ်အရှေ့ဘက်ခြမ်းမှာတော့ဆင်းရဲတဲ့လူငယ်တွေနေပြီးအနောက်ဘက်ခြမ်းမှာတော့ချမ်းသာတဲ့လူငယ်တွေနေပါတယ်တစ်ရပ်ဆင်းရဲတဲ့ဘက်ကလူငယ်ခေါင်းဆောင်ကအနောက်ဘက်ခြမ်းရဲ့ကားကိုလုပြီးပါလာတဲ့လူတွေကိုသတ်ပြီးရေသန့်ဘူးတွေခိုးရာကနေ ဇာတ်လမ်းကစတော့တာပါပဲအဲဒီလူငယ်ခေါင်းဆောင်ကိုဖမ်းခေါ်သွားတော့သူ့ညီမဖြစ်သူကသူ့အကိုကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲအနောက်ဘက်ခြမ်းရဲ့စည်းကမ်းတင်းကျပ်မှုတွေနဲ့အတူအဲဒီထဲကိုဘယ်လိုဝင်ကျမလဲဆိုတာတွေကို ကြည့်လိုက်ပါဦးနော် File Size : ( 766 MB , 279 MB)Quality :  WEB-DL 720pRunning Time : 1 hr 21 minFormat : Mp4Genre : Action , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by  PhueEncoded by Moe Myint Lwin 
movie

Riot Girls (2019)

2019