Channel Myanmar

Virginia Tucker

Bottoms (2023) 7.2
Bottoms (2023)  လူတော်တော်များများကဂေးတွေဆိုရင် အထင်အမြင်သေးပြီးရှောင်ဖယ်ကြပါတယ်။ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက်ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင်ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက်ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမားတွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့်နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြောထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.63 GB / 694 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Bottoms (2023)

Days of Daisy (2022) 5.0
Days of Daisy (2022) Daisyဟာ West High school ရဲ့သာမန် စာကြည့်တိုက်မှူးတစ်ယောက်ပါ။ ဒါပေမဲ့ကျောင်းမှာရှိတဲ့ ပန်းချီဆရာမဟာကျောင်းရဲ့ ထောက်ပံ့မှုမရှိခြင်း ၊ ကလေးတွေစိတ်မဝင်စားခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ နှစ်ဝက်မှာတင် အလုပ်ထွက်သွားခဲ့တဲ့ပါတယ်။ ဒါနဲ့ပဲ ပန်းချီသင်ပေးမယ့်ဆရာမ မရှိတော့တာကြောင့် ဆောက်တည်ရာမရ ဖြစ်နေတဲ့ ကလေးတွေကို ကူညီပေးချင်တဲ့ စိတ်တစ်ခုနဲ့ Daisy တစ်ယောက်ဟာပန်းချီဆရာမနေရာကို ပန်းချီမဆွဲတတ်ဘဲနဲ့ ရောက်လာပါတော့တယ်။ Personal life မှာလဲ Pressure တွေအရမ်းများနေတဲ့ သူ့ရဲ့ဘဝထဲကို လွတ်လပ်စွာနေတတ်သူ Jack Palmer ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက် ရောက်လာသောအခါ.....။ File size…(1.3 GB)/(700 Mb)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dave 
movie

Days of Daisy (2022)