Channel Myanmar

Vision Wei

Fleet of Time (2014) 5.6
Fleet of Time (2014) ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ - ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲကမင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာတခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီးဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်းချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာအတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့နှစ်ယောက်ဟာ ...
movie

Fleet of Time (2014)

2014
The Lonely Warrior ( 2023 ) 6
The Lonely Warrior ( 2023 ) CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲတရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ်ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ.... မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 2h ...
movie

The Lonely Warrior ( 2023 )

Railway Heroes (2021) 5.8
Railway Heroes (2021) Railway Heroes (2021)အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK
movie

Railway Heroes (2021)

2021
Sacrifice ( 2020 ) 5.6
Sacrifice ( 2020 ) Sacrifice ( 2020 )အညွှန်း**********************2020 october 23မှာထွက်လာတဲ့ Action Drama War ဖြစ်ရပ်မှန်စစ်ကားကောင်းပါBox officeမှာ $161,047608ဝင်ငွေစံချိန်တင်ရရှိထားလို့ စိတ်ကျေနပ်မှုရစေမှာသေချာပါတယ်1953Korea Warရဲ့နောက်ဆုံးပိုင်းကာလ အမေရိကန်နဲ့ ကျင်းကန်းချွမ်းမှာတိုက်ပွဲဖြစ်နေစဉ် တရုတ်ဘက်က တပ်ကူပေါင်းသောင်းချီကို မနက် 6 နာရီမတိုင်ခင်ပို့ပေးရမှာပါ...ဲတိုက်ပွဲနယ်မြေကိုရောက်ဖို့ ရေစီးသန်လှတဲ့မြစ်ကြောင့် တံတားကနေကျော်ဖြတ်မှရနိုင်ပါမယ်အမေရိကန် လေတပ်ကယာဉ်ပျံတွေဟာ တရုတ်ဘက်ကတပ်ကူတွေကျင်းကန်းချွမ်းဆီရောက်မလာနိုင်ဖို့ တံတားကိုအကြိမ်ကြိမ်ဖျက်ဆီးပေမယ့်ဘယ်လိုတွေအသက်စွန့် ပြီးပို့ဆောင်ပေးမလဲဆိုတာကို ရင်နင့်ဖွယ်တွေ့မြင်ရမှာပါ.....ဒီဇာတ်ကားမှာတခြားဇာတ်ကားတွေနဲ့မတူညီတဲ့ဖော်ပြမှုတွေရှိနေပါတယ်....အပိုင်းလေးပိုင်းခွဲပြီးရှုထောင့်အမျိုးမျိုးကို မြင်နိုင်အောင်ရိုက်ကူးပြသထားလို့ စစ်ပွဲတွေရဲ့ သဘောသဘာဝကိုပိုနားလည်လာမိပါတယ်၁..တပ်သားတွေအပိုင်း၂..ရန်သူ့တပ်သားတွေဘက်ကခံစားမှု၃..အမြှောက်တပ်သားတွေအပိုင်း၄.နောက်ဆုံးတံတားကိုကျော်ဖြတ်တဲ့အပိုင်း..အပိုင်းတစ်ပိုင်းစီအလိုက် သူတို့ရဲ့အခြေအနေဖြစ်ပျက်မှုတွေ ခံစားမှုတွေကိုရိုက်ပြတာဖြစ်လို့တစ်ချို့မြင်ကွင်းတွေကို အကြိမ်ကြိမ်ပြသမှာပါ..စစ်ပွဲကိုရှုထောင့်အမျိုးမျိုးက ရိုက်ကူးပြလို့ စစ်ပွဲတစ်ပွဲရဲ့ခက်ခဲမှုတွေကို တွေ့မြင်ခံစားမိပါတယ်  Filesize : ( 2.2 GB )  and ( 1.3 GB ) Quality : WEB-DL 1080p ( HEVC ) & WEB-DL 720p Format : Mkv ( 1080p ...
movie

Sacrifice ( 2020 )

The Eight Hundred ( 2020 ) 7.2
The Eight Hundred ( 2020 ) IMDB 7.2 ရရှိထားပြီးစစ်ကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်august 21 2020မှာထွက်လာပြီး Budget $80millionသုံးထားတဲ့တရုတ်ဖြစ်ရပ်မှန် ဇာတ်ကားလေးပါBox office ဝင်ငွေ $451.5million စံချိန်တင်လည်းချိုးထားပါတယ်တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား၈၀၀ ရဲ့လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့တပ်သား၈၀၀အဖွဲ့ဟာတပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်..တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့်အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့်၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်.....ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲနယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ.....တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ထက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်းဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်...ဒါပေမယ်လဲ နယ်မြေသစ်ရဲတံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမှာပါ....လိုနေတဲ့ရိက္ခာတွေကို အသက်စွန့်ပြီး ပို့ပေးမယ့်သူတွေပေါလာတဲ့အခါ....တပ်သားတွေရဲ့အသက်စွန့်ပြီးရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့်သတင်းစာမှာဖော်ပြခံရပြီးနိုင်ငံတစ်ကာက ချီးမွမ်းခဲ့ကြပေမယ့်လက်နက်အင်အားကြီးနေတဲ့ဂျပန်နိုင်ငံနဲ့ရန်ငြိုးမဖွဲ့လိုလို့ တရုတ်နိုင်ငံကို ဘယ်သူမှတပ်ကူမပေးလိုတဲ့အခါ.....တပ်သား၈၀၀ ကျော်ရဲ့အရှုံးမ ပေးပဲ အသက်စွန့်တိုက်ခိုက်မှုဟာတရုတ်ပြည်သူတစ်ရပ်လုံးကိုနိုးထစေခဲ့ပြီးနောင်တစ်ချိန်ကွန်မြူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာဂျပန်ကိုတစ်ကြိမ်ထဲနဲ့ အပြတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်.... Translated & Reviewed By Phyo ZawEncoded By LK
movie

The Eight Hundred ( 2020 )

Midnight Diner 2014 4.9
Midnight Diner 2014 Midnight Diner 2014 ညအလင်းဆိုင်ငယ်လေးတခုမှာလူပေါင်းစုံလာရောက်စားသောက်ရာကနေ ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာပါတယ် ညပိုင်းအလုပ်တက်ရမယ့်သူတွေ၊ အိမ်မှာအဖော်မရှိတဲ့တယောက်တည်းသမားတွေ ၊ညဘက် အစားစားလေ့ရှိသူတွေ၊ အချိန်ပိုဆင်းရသူတွေ စသဖြင့်အကြောင်းမျိုးစုံနဲ့ဒီဆိုင်ကိုရောက်လာကြသူတွေဟာ ပထမဆုံးတခေါက်ဆိုင်မှာဝင်ထိုင်ရင်း အမြဲတမ်းထိုင်ဖြစ်သွားသူတွေလည်းအပုံ တချို့လည်းဖြတ်သွားလို့ဝင်ထိုင်ရင်းနောက်တခေါက်ပြန်ရောက်မလာခဲ့ကြဘူး ဆိုင်မှာထိုင်နေကြဖြစ်သွားသူတွေကတော့ သူတို့ရဲ့အမှတ်ရစရာဇာတ်လမ်းလေးတွေကို ဆိုင်မှာချန်ထားခဲ့တာပေါ့ ဖောက်သည်အချင်းချင်းခင်မင်ရာကနေအဆင့်တက်သွားသူတွေလည်းမနည်း ဒီဇာတ်ကားဟာ လူတဦးတယောက်ထဲရဲ့ဇာတ်လမ်းမဟုတ်ပဲ ဆိုင်လေးဆီလာနေကြဖောက်သည်တွေရဲ့ ဇာတ်လမ်းတိုလေးတွေပါ။ဘယ်လိုပဲပြောပြော ညအလင်းဆိုင်ဆိုတာကတော့ လူသားအားလုံးအတွက် ခဏနားခိုစရာနေရာလေးတခုအဖြစ်အမြဲရှိနေမှာပါ ။ဆိုင်ရှင်ဦးလေးကြီးကလည်းစေတနာအပြည့်နဲ့ လာရောက်စားသုံးသူတွေကို ဧည့်ခံနေဦးမှာပါ ။ဦးလေးကြီးရဲ့ဟင်းပွဲပြင်ဆင်မှုလက်ရာတွေနဲ့ဇာတ်ကားရဲ့ နေက်ခံတီးလုံးတွေကတော့ ပိတ်ရက်ညလိုမျိုးမှာ နားကျပ်တပ်ပြီးကြည့်ရင် အလိုက်ဆုံးပေါ့ ..... Translated by : Nay Chi Encoded by : YK File Size :1.1GB and 561MB Quality : 1080p blueray and 720p
movie

Midnight Diner 2014

2014