Channel Myanmar

Vitter Leija

Rotting in the Sun (2023) 7.0
Rotting in the Sun (2023) Rotting in the Sun (2023) ================== IMDb Rating - 7.0/10စိတ်ကူးယဉ်‌မဟုတ်ဘဲ တကယ့်လက်တွေ့ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ ခပ်ဆန်းဆန်း comedy-triller ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ထူးခြားချက်က စာရေးဆရာ၊ ဒါရိုက်တာ ဆဘတ်စ်ရှန်ဆေလ်ဗာနဲ့ ဟာသ သရုပ်ဆောင်မင်းသား ဂျော်ဒန်ဖတ်စ်မန်းတို့က သူတို့ကိုယ်တိုင်အနေနဲ့ ခေါင်းဆောင်ပါ၀င်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့... ဆဘတ်စ်ရှန်ဟာအနုပညာလောကမှာ အောင် မြင်မှုရ‌အောင်ကြိုးစားနေတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာပါ။ suicide လုပ်တဲ့ ကိစ္စတွေစိတ်၀င်စားတတ်ပြီး ပါးစပ်ကလည်း အမြဲထုတ်ပြောတတ်ပါတယ်။ ဆေးစွဲပြီး စိတ်ဓာတ်ကျ‌နေတဲ့ ဆဘတ်စ်ရှန်တစ်ယောက် တစ်နေ့တော့ ဂေး တို့ပျော်စံရာလို့နာမည်ကြီးတဲ့ nudist ကမ်းခြေကို ရောက်သွားပါတယ်။ အဲဒီ မှာ ဆိုရှယ်အင်ဖလူရန်ဇာ ဂျော်ဒန်ဖတ်စ်မန်းနဲ့ ‌တွေ့ဆုံခဲ့ပါတယ်။ အဲဒီကစ လို့ သူတို့နှစ်ဦး ပရောဂျက်တစ်ခု အတူလုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒီပရော ဂျက်ကို ဆဘတ်စ်ရှန်ရဲ့အိမ်မှာ အတူလုပ်ကြဖို့ စီစဉ်ထားပါတယ်။ ပရောဂျက် အလုပ်စဖို့ ဂျော်ဒန်ရောက်လာချိန်မှာတော့ ဆဘတ်စ်ရှန်တစ်ယောက် အိမ် မှာမရှိဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့အခါ...။*** ဇာတ်လမ်းမှာ nudist beach က ဇာတ်၀င်ခန်းတွေနဲ့ မိသားစုအတူမကြည့် သင့်တဲ့ ဇာတ်၀င်ခန်းနည်းနည်း ပါ၀င်တဲ့အကြောင်း ...
movie

Rotting in the Sun (2023)

2023
God Is a Bullet (2023) 5.5
God Is a Bullet (2023) God Is a Bullet (2023)ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ ...
movie

God Is a Bullet (2023)

2023