Channel Myanmar

Vivian Fleming-Alvarez

The Free World (2016) 6.1
The Free World (2016) The Free World (2016) ================= IMDb Rating - 6.1/10၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ ...
movie

The Free World (2016)

2016
Unhinged 2020
Unhinged 2020 Gladiators နဲ့ လူသိများကြီးတဲ့ မင်းသားကြီး Russell Crowe ရဲ့ ကားအသစ်ထွက်ပါတယ်။ အက်ရှင် သရေလာ လို့ ပြောပေမယ့်. ဆိုက်ကို ဟော်ရာ ကားလိုပဲ ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ကားလမ်းမ ပေါ်က ရန်ပွဲတစ်ခုကနေ စတာပဲ။ လမ်းပေါ်မှာ ကားသမားချင်း ကတော်ကဆ ဖြစ်ကြတာကို ခဏခဏ ကြုံဖူးကြမယ်ထင်ပါတယ်။ စကားများရုံရှိတယ်၊ ရိုက်ကြတာ ရှိမယ်၊ သေကြေကုန်တဲ့အထိ ရှိဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ဖြစ်တာကတော့ အဲဒါထက်အများကြီးဆိုးပါတယ်။ အများကြီး မပြောတော့ပါဘူး။ ကြည့်ကြည့်လိုက်ပါ။ သည်းထိပ်ရင်ဖို့ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။ File size… 1Gb / 600 Mb Quality… Bluray 720p / 480p Format…mp4 Duration….01:29:00 Genre ... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo Encoded by Littleneo
movie

Unhinged 2020

12 Years a Slave (2013) 8.1
12 Years a Slave (2013) 12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations  ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie

12 Years a Slave (2013)

2013