Channel Myanmar

Vivien Endicott Douglas

Women Talking(2022) 7.2
Women Talking(2022) Women Talking(2022)*********************IMDb...7.2 ,,,, Rotten ....91%ဒီဇာတ်ကားဟာ အော်စကာ ဆန်ကာတင်(၂) ဝင်ခဲ့သလိုအခြားဆုပေါင်း ၄၆ဆုလည်းရရှိခဲ့ပါတယ်.." ကျွန်မတို့အပေါ် အပြစ်လုပ်သူတွေကို ခွင့်လွှတ်ခဲ့တာပဲလေ ဘာဖြစ်လို့အခုလည်း မလုပ်နိုင်ရမှာလဲ" "အခုကျွန်မတို့ ပိုသိသွားလို့ပေါ့"Stockholm Syndrome ဆိုတဲ့ ပြဿနာက နောက်ပိုင်းsocietyမှာ အတော်လေးအတွေ့ရများလာသလိုဒါကိုawarenessရဖို့အတွက်လည်း ပညာပေးတာတွေ ဆောင်းပါးရေးလာကြတာတွေကို မြင်ဖူးဖတ်ဖူးကြမှာပါ။ဒါပေမဲ့ ဒီStockholm Syndrome ဆိုတဲ့အရာရဲ့ကနေဦးအစကို သင်တွေးခဲ့ဖူးပါသလား။သင်ဟာအရာရာအမှောင်ချခံထားရတဲ့ဘဝမှာ ရှင်သန်ရဖို့ဖြစ်လာခဲ့ရင်၊ အလင်းလေးတစ်ပေါက်ရဖို့အတွက်အရာရာစတေးရတဲ့ အသိုင်းအဝိုင်းတစ်ခုမှာမွေးလာပြီး အနိုင်ကျင့်ခံနေရမှန်းသိရက်နဲ့ မြိုသိပ်ဖို့သာရွေးချယ်ခွင့်ရခဲ့ရင်ကော....ဒီနေ့မှာကတော့ Oscar Norminee ၂ ခု ဝင်ထားတဲ့ ရုပ်ရှင်လေးဆိုလည်းဟုတ်Activistတစ်‌ယောက်ဖြစ်တဲ့Sarah Polley ရဲ့လက်ရာ‌ဆိုလည်းဟုတ်တဲ့ Women Talkingဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဇာတ်ကားကအနှစ်ဆိုပေမဲ့ လောကကြီးရဲ့အမှောင်ခြမ်းကိုမီးမောင်းထိုးပြမဲ့ ရုပ်ရှင်ကားလေးဆိုတော့ PG-13 rating‌ ရထားပြီးနဲ့ Darkဖြစ်တဲ့အကြောင်းအရာတွေတော့ပါမှာပါ။အမျိုးသားတွေသာ အခရာဖြစ်နေခဲ့တဲ့ မြို့ငယ်လေးတစ်ခု၊ အမျိုးသမီးဆိုတာ ပညာသင်ယူခွင့်မရအရေးအဖတ်တောင် မသိတဲ့ဘဝမှာနေရတဲ့ ဒီမြို့ငယ်လေးမှာနေရတဲ့သူတို့တွေဟာ အမြဲတမ်းအမျိုးသားတွေရဲ့ အနိုင်ကျင့်ခံ အောက်ကျို့ခံတွေပါပဲ။ အရာရာ ...
movie

Women Talking(2022)