Channel Myanmar

VJ Mendoza

The Oskars Fantasy (2023) 4.2
The Oskars Fantasy (2023) The Oskars Fantasy 2023 (အော်စကာရူးလေးများ)ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဖိလစ်ပိုင်ဟာသကားလေးပဲဖြစ်ပါတယ်။လူတွေရဲ့နှိမ့်ချခြင်းကို ခံခဲ့ရတဲ့ ဘော်ဘီဘီဆိုတဲ့ ပရိုဂျူဆာတစ်ယောက်ဟာ သူ့ကိုနှိမ့်ချတဲ့သူတွေကို လုပ်ပြချင်တဲ့စိတ်နဲ့ အော်စကာရဖို့ကြိုးစားရင်း ရုပ်ရှင်တွေလုပ်နေသူတစ်ယောက်ပါ။သူနဲ့အတူ ရုပ်ရှင်ကျောင်းမှာတက်ခဲ့တဲ့ သူရဲ့သူငယ်ချင်းဖြစ်သူ ဒန်နီကလည်း သူ့အဘွားဖြစ်သူရဲ့ ပြောပြနေကျပုံပြင်တွေကို ဇာတ်လမ်းအဖြစ်ဖန်တီးချင်နေပြီး ကျောင်းတုန်းက အော်စကာဆုရအောင်လုပ်မယ်ဆိုပြီး ပေးထားတဲ့ကတိအရ သူငယ်ချင်းနှစ်ယောက်ပြန်လည်ဆုံတွေ့ရင်း ဇာတ်ကားရိုက်ဖို့လုပ်ကြပါတော့တယ်။သူတို့နှစ်ယောက် ဇာတ်လမ်းရိုက်ဖို့အတွက် ဒန်နီအဘွားဖြစ်သူနေတဲ့ ကျွန်းကိုရောက်ရှိလာကြပါတော့တယ်။ အဲဒီကျွန်းမှာရှိတဲ့‌ တောထဲမှာတော့ မြေအောက်ကမ္ဘာက မမြင်အပ်တဲ့မကောင်းဆိုးဝါးတွေရှိတယ်လို့ အဆိုရှိပါတယ်။ အဲဒီမှာပဲ သူတို့ရိုက်မဲ့ဇာတ်လမ်းက သဲထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တဲ့အလျောက် အထူးပြုလုပ်ချက်တွေအတွက် ကုန်ကျစရိတ်လျှော့ချနိုင်အောင် တောထဲက တကယ့်မကောင်းဆိုးဝါးတွေကို ဖမ်းပြီးရိုက်ဖို့ အကြံရလာရင်း ဘယ်လိုတလွဲတွေလုပ်ပြီး ဘယ်လိုတွေ ဗိုက်နှိပ်ရီရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.4GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration…1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

The Oskars Fantasy (2023)

2023
Last Fool Show (2019) 6.7
Last Fool Show (2019) Last Fool Show (2019)ဖိလစ်ပိုင်ကားတွေ ကြိုက်တဲ့သူတွေအတွက် ကြိုက်မယ့်ဇာတ်လမ်လေးပါ။ အချစ်ဇာတ်လမ်းတွေဆို ဖိလစ်ပိုင်တွေက နင့်နင့်နဲနဲ ခံစားရအောင် ရိုက်တတ်ကြပါတယ်။ဖြစ်ဖူးကြမလား မသိဘူး????? ကိုယ်တွေ့ဇာတ်လမ်းကို ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရမယ့် အဖြစ်အပျက်မျိုး။ ဒီဇာတ်လမ်းက ဇာတ်ကောင်ကတော့ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့အကြောင်းပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အမျိုးသမီးဒါရိုက်တာ မီရေးဆာဟာ ထိတ်လန့်စရာဇာတ်ကားတွေ၊ လူထုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုတွေ ရိုက်ပြီး ရုပ်ရှင်ဆိုင်ရာ ဆုများစွာကို ရရှိခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။သူမ အလုပ်ဝင်မယ့်ဂလက်စီရုပ်ရှင်ထုတ်လုပ်ရေးက လက်ရည်စမ်းတဲ့အနေနဲ့ သူမကို ရိုမန့်စ် ဟာသဇာတ်လမ်းတစ်ပုဒ်ကို ရိုက်စေချင်တယ်။ ရိုက်နေကျ ဇာတ်လမ်းတွေနဲ့ လုံးလုံးကွဲထွက်နေတဲ့ ရိုမန့်စ်ဟာသ ရုပ်ရှင် ရိုက်ရတော့မယ်ဆိုတော့ ဇာတ်ညွှန်းရေးဖို့ ဒါရိုက်တာမမ ခေါင်းစားရတော့တာပေါ့။ဒီလိုနဲ့ အရင်က အချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်အသက်သွင်းဖို့ ဖြစ်လာခဲ့တယ်လေ။ လွန်ခဲ့တဲ့သုံးလေးငါးနှစ်က အခုချိန်တွေးရင်တောင် အခုပြန်သတိရတဲ့အတိတ်ဟောင်းတစ်ခုကိုပေါ့အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကို တစ်လှည့်စီ ပြသသွားတဲ့ အခင်းအကျင်းကလည်း ဇာတ်လမ်းကို တစ်မျိုးတစ်ဖုံ လှပစေခဲ့ပြန်ပါတယ်။သီချင်းစာသားလေးတွေကလည်း အတော်မိုက်ပါတယ်။ ဇာတ်ဝင်သီချင်းရဲ့အသက်ဝင်မှုနဲ့ ပံ့ပိုးထားတာမို့ အရိုတစ်လိုင်း ပရိသတ်တို့ ရင်ထဲရောက်မယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb- 6.7/10 ဆိုတော့ ဇာတ်လမ်းရဲ့အတိမ်အနက်ကို တွေးသာကြည့်ပါတော့Review ...
movie

Last Fool Show (2019)

2019