Channel Myanmar

VJ Thanigai

Diary(2022) 8.4
Diary(2022) Diary ( 2022 ) IMDb 8.5/10ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့ နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို‌ ဖော်ပြထားပါတယ် ။ အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။ ၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။ တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။ ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့ အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။ ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူး ပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။ ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်... သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား... ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ...ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော် File size…1.7GB /  849MB Quality…1080p WEB ...
movie

Diary(2022)

2022