Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vuksan Rovcanin
6.7
Easy Money (2010)
Easy Money 1 (2010) IMDB- 6.7Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့..... File size…2.44GB / 1.15GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Easy Money (2010)
7.0
Johan Falk: Blood Diamonds (2015)
Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre...Action, Crime, Thriller Subtitle….Myanmar ...
movie
Johan Falk: Blood Diamonds (2015)