Channel Myanmar

Wai Ching Ho

Set It Up (2018) 6.5
Set It Up (2018) Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie

Set It Up (2018)

2017
4K HEVC
Lovely, Dark, and Deep (2023)
Lovely, Dark, and Deep (2023) Lovely, Dark, and Deep (2023)~ Rotten Tomatoes - 88% ~ဒီဟော်ရာကားကတော့ ခရမ်းချဉ်သီးရိတ်တင်တော်တော်လေးကောင်းနေတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးရိတ်တင်သီးသန့်ကောင်းနေတဲ့ ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း မရှင်းမလင်းလေးတွေနဲ့ပဲ လာတတ်သလို သိသိသာသာထင်ထင်ရှားရှား ခြောက်ခန်းလှန့်ခန်းလည်း အများကြီးမပါတတ်ဘူး။ တစိမ့်စိမ့်နဲ့ ရင်ဖိုရတဲ့ ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ Park Rangers ခေါ် အမျိုးသားဥယျာဉ်အကြီးကြီးတွေထဲက တောခေါင်းတွေနဲ့ အဲဒီဥယျာဉ်ကြီးထဲက လျှိ့ဝှက်သည်းဖိုတွေအကြောင်းပဲ။ ကမ့်ပ်လာချတဲ့လူတွေကြား ရေပန်းစားတဲ့ ဥယျာဉ်ကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သဘာဝလွန်လို့ပြောရင်ပိုမှန်လောက်မယ်။ ရိန်းဂျားတွေက အဲဒီဥယျာဉ်ကြီးထဲ လူတွေပျောက်ပျောက်နေတာကို သိကြပေမဲ့ မသိကျိုးကျွန်ပြုထားကြတယ်။ ဘာလို့လဲဆိုတဲ့ လျှို့ဝှက်ချက်ကို အမျိုးသမီးရိန်းဂျားတစ်ယောက်က ဖော်ထုတ်ဖို့နီးစပ်လာခဲ့တယ်။ သူဖော်ထုတ်နိုင်ခဲ့လား မဖော်ထုတ်နိုင်ခဲ့ဘူးလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်ပေါ့။ ဒီဟော်ရာကားက ၂၀၂၁ကထွက်ခဲ့တဲ့ In The Earth တို့လို အမျိုးအစားလို့ပြောရမယ်။ အဲဒီထက်တောင် ပိုသိမ်မွေ့တယ်။ သိသိသာသာကြီးခြောက်လှန့်ပြသွားတာတွေသိပ်မပါပေမဲ့ ခုနောက်ပိုင်းဟော်ရာကားကောင်းတွေရဲ့ ...
movie

Lovely, Dark, and Deep (2023)

2023
Turning Red (2022) 7.0
Turning Red (2022) Turning Red (2022)ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ....တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေ‌လီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်က‌နေပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေဆယ်ကျော်သက်သားသမီး‌တွေနဲ့ မိဘတွေကြား ...
movie

Turning Red (2022)

2022
4K HEVC Web-DL