Channel Myanmar

Wakaba Ryuuya

Ichiko (2023) 6.5
Ichiko (2023) Ichiko 2023 IMDb 6.6/10ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ် ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကို နောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူး အဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ....ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ် သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲ ပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲ ယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့ အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့ အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ် ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့် အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ် မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါ တစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 1.8GB | 876MB Format… mp4 Duration…. 2h ...
movie

Ichiko (2023)

2023
Call Me Chihiro (2023) 6.9

Call Me Chihiro (2023)

Just Only Love (2018) 6.5
Just Only Love (2018) Just Only Love (2019)"အချစ်ဆိုတာ ဘာလဲ"သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား သူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားပေးဆပ်ခြင်းက အချစ်လား ပိုင်ဆိုင်ရမှ အချစ်လား။ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်အညွှန်းနဲ့ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... Aaron
movie

Just Only Love (2018)

2018