Channel Myanmar

Wang Jiali

Strange Things in Night Rain and Autumn Light ( 2024 ) 5.6
Strange Things in Night Rain and Autumn Light ( 2024 ) Horror ကြိုက်တတ်တဲ့သူတွေအတွက်အကြိုက်တွေ့မယ်ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ ဟူနန်ဆီကို လွန်ခဲ့တဲ့(၅)နှစ်ကဆုံးသွားတဲ့အဖွားပို့လာတဲ့ စာတစ်စောင်ရောက်လာခဲ့တယ်။အဖွားဆုံးပြီးတာကို မမှတ်မိတော့တဲ့အမေက ဟူနန်ကိုရွာပြန်ပြီး အဖွားကိုစောင့်ရှောက်ဖို့လွှတ်လိုက်တာကနေစတင်ပါတယ်။ ရွာရောက်တော့ အဖွားအိမ်မှာပဲ ဟူနန်နဲ့သူငယ်ချင်းကအိမ်ကြတော့ အဖွားကမသေသေးတာကိုတွေ့ရတယ်။ အဖွားလက်တွေကနွေးနေပြီး နေ့ခင်းကတွေ့ခဲ့တယ်ရွာသားတွေကသင်္ချိုင်းဂူတွေအဖြစ်ပြောင်းသွားတာကိုတွေ့တော့ ဟူနန်ကနားမလည်နိုင်ဘူးဖြစ်သွားခဲ့တယ်။ ရွာသားတွေရဲ့အပြောအရ ရွာသားတွေက မြွေနတ်ကိုအမျက်ထွက်အောင်လုပ်ခဲ့လို့ မြွေနတ်အပြစ်ပေးတာကိုခံနေရတယ်လဲပြောကြပါတယ်။ တကယ်ပဲ အဖွားက တစ္ဆေလား ရွာသားတွေကတစ္ဆေလား...... ဟူနန်တို့ကိုလာကူညီတတ်တဲ့ မိန်းကလေးကရောဘယ်သူလဲ......စဉ်းစားစရာတွေအများကြီးပေးပြီး နောက်ပိုင်းပြန်ဖြည်သွားတာလဲ အကျိုးအကြောင်းသင့်တယ်လို့ပြောလို့ရပါတယ်။ သရဲကြောက်တတ်တဲ့သူတွေကတော့ ကြည့်ဖို့အဆင်မပြေလောက်ပါဘူး။Quality : WEB-DL 1080p , 720p Format : mp4 Genres :  Action, Horror Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By  Nu Mon Encoded by LK
movie

Strange Things in Night Rain and Autumn Light ( 2024 )

Broken Army X: Fatal Mutations ( 2023 ) 5.9
Broken Army X: Fatal Mutations ( 2023 ) မင်ကော်ခေတ်အစပိုင်းမှာ ရှန်ဟိုင်းမှာ အတော်ဆုံး စုံထောက်ဖြစ်ချင်နေတဲ့ ရဲသားလေး ရှောင်းကျန့်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုကို စုံစမ်းနေတုန်းမှာ မထင်ထားပဲ ထိန်းချုပ်ခံ အမှုတစ်ခုကို ထိတွေ့မိသွားပါတယ်။ ထူးဆန်းတဲ့ အစွမ်းတွေပိုင်ဆိုင်ထားတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုထဲကို သူရောက်သွားခဲ့ပါတယ်။ထို့နောက် အန္တရာယ်များပြီး ထူးခြားဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပြီးနောက် သူက "ဖော့ကျွင်း" ဆိုတဲ့ နာမည်ပြောင်းကို ဆက်ခံခဲ့ပါတယ်။ ထို့နောက် နာမည်ဖော်ပြခြင်းမခံရတဲ့ ကမ္ဘာမြေကြီးကို စောင့်ရှောက်သူ ဖြစ်သွားခဲ့ပါတယ်။ရှောင်းကျန့်တစ်ယောက် ထိုအဖွဲ့အစည်းထဲဝင်ရောက်ပြီးနောက် ဘယ်လို ဆန်းကြယ်မှုတွေကို ကြုံတွေ့ခဲ့ရသလဲ...... သူတို့အဖွဲ့သားတွေ အတူတကွ ဆန်းကြယ်တဲ့ အမှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ..... ဆိုတာကို ရုပ်ရှင်ကြည့်ရင်း အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By ...
movie

Broken Army X: Fatal Mutations ( 2023 )